စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ကြေးနီသယ်ယာဉ်တန်းနဲ့ သူတို့ကို လုံခြုံရေးယူပေးနေတဲ့ သံပြားကားကားတို့ကို မုံရွာ-မန္တလေး လမ်းပိုင်းရှိ ဘိုးမင်းကြီးကင်းနဲ့ ဂွေးပင်တောအကြားမှာ ပဒေသာမိုင်း ၅ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော်တွေက အဆိုပါ ယာဉ်တန်းမှ (၄)စီးမြောက်ကား၊ (၅)စီး‌မြောက်ကား၊ (၆)စီးမြောက်ကား၊ (၁၀)စီးမြောက်ကားနဲ့ (၁၅)စီးမြောက်ကားတို့ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ကား (၂)စီးမှာလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပျက်စီးသွားတဲ့ ကား (၂)စီးကို ဒို့မြန်မာကျော်အထိုင်စခန်းမှာ (၁)စီး‌၊ မြောင်လမ်းခွဲက ခြံမှာ (၁)စီး ရပ်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး Black Eagle Defence Force-MMU တို့ကနေ ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။