တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ ကျဆုံးခဲ့တာ (၁) နှစ်ပြည့်တဲ့ နေ့ရက် ဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ အပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း တို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ အလံတစ်ဝက် လွှင့်ထူကာ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် သံခြေထောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လက ကျဆုံးခဲ့တဲ့ ရဲဘော် F One ရဲ့မိသားစု၀င်တွေက လောင်းလုံး(ပကဖ) ရဲဘော်တွေကို အသားဟင်းနဲ့ ထမင်းတစ်နပ် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့တယ်လို့လည်း လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မဲဆောက်တွင် မြန်မာတစ်ဦး ထိုင်းရဲကို သေနတ်နှင့်ပစ်ခတ်ပြီး ထွက်ပြေးသွားဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံနဘေး 7-Eleven စတိုးအနီးမှာ မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 
Read More

စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာ မျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း MDY PDF ထုတ်ပြန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ မတ္တရာမြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ရှိသူတွေနဲ့ ပူး‌ပေါင်းပြီး မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေဆီ သွားရောက်ကာ စားနပ်ရိက္ခာ ဝေမျှခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

တောင်ကိုးရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရှောင်ရန်ပုံငွေ ဖျော်ဖြေပွဲမှ ကျပ်သိန်း ၉၀၀ နီးပါး ရရှိ

တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

AA လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် AA ကို လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုပြောကြားလိုက်ပါတယ် ။ 
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။