တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ ကျဆုံးခဲ့တာ (၁) နှစ်ပြည့်တဲ့ နေ့ရက် ဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ အပါအဝင် တိုင်းပြည်အတွက် အသက်ပေးလှူ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း တို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ အလံတစ်ဝက် လွှင့်ထူကာ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် သံခြေထောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လက ကျဆုံးခဲ့တဲ့ ရဲဘော် F One ရဲ့မိသားစု၀င်တွေက လောင်းလုံး(ပကဖ) ရဲဘော်တွေကို အသားဟင်းနဲ့ ထမင်းတစ်နပ် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့တယ်လို့လည်း လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…
Read More

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများကို ကနီနှင့် မင်းကင်းကြားတွင် တော်လှန်ရေးတပ်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက တစ်နာရီအတွင်း ၅ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့တစ်ရက်တည်းမှာ လေကြောင်းကနေ ၅ ကြိမ်အထိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။