မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမြောက်ဘက်ကို မြေပဲဖော်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၀ ရက်က RC Plane၊ Drone နဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 𝐌.𝐏.𝐋 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐅𝐨𝐫𝐜𝐞 အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိနာသွားပြီး ရွာအတွင်း ဝင်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် ပျူ ၁ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တယ်လို့ သိရပါ တယ်။

အဲဒီစစ်ဆင်ရေးကို MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ)၊ ကိုဂတုံးအဖွဲ့ (မြိုင်-ပကဖ)၊ မြိုင်မြို့နယ်ပကဖ တပ်ရင်း၁ တပ်ခွဲ၁၊ ဗမာ့ဒေါင်း (မြိုင်-ပကဖ)၊ Eagle Bridage Drone forceနဲ့ မန်ကျည်းရိပ် ကိုငရဲအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အသက်ရှင်ကျန်ရစ်ပြီး မိသားစုနဲ့ တွေ့ဆုံချင်ရင် လက်နက်ချဖို့ AA ထပ်မံ သတိပေး (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်တိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်ပြီး စစ်ကောင်စီတပ်သားနဲ့ မိသားစု အများအပြား အလံဖြူထောင် အညံ့ခံခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၇ ရက် မနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့မှာ ဆီတင်သင်္ဘောမီးလောင်ပြီး လူ ၈ ယောက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဆီတင်သင်္ဘော ၁ စီး မတော်တဆမှုဖြစ်ပွားကာ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ ၈ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ယောက် ပျောက်ဆုံးလျက်ရှိတယ်လို့ ထားဝယ်မီးသတ်ဌာနထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေကာ PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး