ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့ နေ့လည်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုပါ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို MNDAA ကိုးကန့်တပ်တွေက သိမ်းယူခဲ့ပြီး စစ်ကောင်စီအတွက် ပထမဆုံးကျရှုံးတဲ့ စစ်ဌာနချုပ်တစ်ခုဖြစ်ခဲ့သလို အခုလက်ရှိမှာလည်း အနောက်ပိုင်းစစ်ဌာနချုပ်ကို AAဘက်က သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီအနေနဲ့ ဒုတိယမြောက်အဖြစ် စစ်ဌာနချုပ် တစ်ခု ထပ်မံကျရှုံး သွားတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်AAအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေကို ဒီလအတွင်းမှာပဲ ဆက်တိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ဂွမြို့ကိုလည်း အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

စစ်အုပ်စု၏ ကျောက်မဲနှင့် သီပေါပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေး SSPP ကူညီလမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း TNLA ပြောဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။