မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးစခန်းသိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းရဲဘော်တွေကို ပေါက်ဒေသ ပြည်သူလူထုက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အမှတ် ၈ စစ်ကြောင်းရဲ့ တိုက်ပွဲဝင်ရဲဘော်တွေကို ပခုက္ကူမြို့နယ်၊ ပေါက်ဒေသမှာရှိတဲ့ ကျေးရွာ ၅ ရွာထက်မနည်းတဲ့ ကျေးလက်နေပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၈)စစ်‌ကြောင်း ဦးဆောင်မှုနဲ့  ဒီဇင်ဘာ ၁၁ ရက်က ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ချေမှုန်းရာ စစ်ကောင်စီတပ်က ၆ ယောက် မျက်မြင်သေဆုံးပြီး လက်နက်(၁၈)လက်နဲ့အတူ သုံ့ပန်း(၇) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၈)စစ်ကြောင်းဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ပေါင်းစည်းလာရေး၊ လှုပ်ရှားစစ် အကောင်အထည် ဖော်ရေး၊  အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး စတဲ့ အခြေခံမူဝါဒတွေအပေါ် အခြေခံပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။

 

တိုက်ပွဲဝင် အမှတ်၈စစ်ကြောင်းရဲဘော်တွေကို ပေါက်ဒေသ ‌ပြည်သူလူထုက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုပုံများ (ဓာတ်ပုံ အမှတ် ၈၊ စစ်ကြောင်း)

0 Shares:
You May Also Like
Read More

ဩစတြေးလျမှာ ပြုလုပ်တဲ့ Kachin IDP Fundraising Concert ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်ခဲ့

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မြစ်ခြေမြို့အနီး ကျေးရွာတွေကို စစ်တပ် လက်နက်ကြီးပစ်ကာ စစ်ကြောင်းထိုး မီးတင်ရှို့၊ ဒေသခံ ၂ ယောက် သေဆုံးကာ ၄၀၀၀ ကျော်လောက် ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးနားက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် အနည်းဆုံး ဒေသခံ ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၃ ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်က လူသားဒိုင်းလုပ် ဖမ်းဆီးထားတဲ့ အရပ်သား ၃ ယောက်ကို ရက်ရက်စက်စက် သတ်ကာ ၂ ယောက်ကို စွန့်ပစ်ထားခဲ့ကြောင်း မြိုင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။