ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

AA သိမ်းယူခဲ့တဲ့ မောင်တောမြို့က အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ – နခခ (၅) တိုက်ပွဲမှာ လက်နက်မချဘဲ ထွက်ပြေးသွားတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက်မှာ AAက အသေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူများကြားထဲတွေ့ရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း

ဗိုလ်မှူးကြီး အောင်နေမျိုးဟာ ရွှေတုံးတချို့နဲ့ ငွေကြေးတွေ ယူဆောင်ထွက်ပြေးချိန် မိုင်းမိပြီး မောင်တော်မြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနီး ပုဇွန်ကန်တဲမှာ အသေဖမ်းမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာလ ၈ ရက်က AA သိမ်းယူခဲ့တဲ့ မောင်တောမြို့က အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ – နခခ (၅) တိုက်ပွဲမှာပဲ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) က စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ်ကျော်ကျော်သန်း

ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေ့လည်အချိန်မှာ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်က ရာထူးကြီးသူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိ၊ မရှိ စစ်ဆေးပြီး ပြစ်မှုအတိုင်း အရေးယူသွားမယ်လို့ AA က ဆိုပါတယ်။

AA ဟာ ရခိုင်ပြည်နယ်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့မှာ သိမ်းယူနိုင်ခဲ့ပြီးနောက် အမ်းမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ AA သိမ်းယူဖို့ စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ မာန်အောင်မြို့တို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး အောင်နေမျိုး
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။