AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က AA ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက ဗိုလ်ချုပ်ထင်လတ်ဦး လို့ အမည်တပ်ကာ Twitter ကတဆင့် စိန်ခေါ်ပြောကြားခဲ့မှုကို AA က အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့ နေ့လည်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုပါ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ AA က အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က AA စစ်ဦးစီးချုပ်ရဲ့ စိန်ခေါ်ပြောဆိုမှုအတိုင်း လက်ရှိ ၂၀၂၄ ခုနှစ်မှာ အမ်းမြို့က နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီး ရခိုင်ပြည်နယ်မှာ AA က မြို့ပေါင်း ၁၂မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပါပြီ။

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး မင်းနေတဲ့နေရာထိ တက်ကြိတ်ပလိုက်မှာနော်” လို့ ၂၀၂၂ ခုနှစ် မေလ ၂၂ရက်နေ့မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အဲဒီကာလ နပခ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို သူ့ရဲ့X မှာ ရေးသားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ထဲမှာ စစ်အင်အား တိုးချဲ့ပြီး စစ်ရေးတင်းမာမှုတွေ ရှိနေခဲ့သလို AA နဲ့ ပတ်သက်သူတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကိစ္စရပ်တွေကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခုလို သတိပေးခဲ့တာ ဖြစ်နိုင်သလို ရခိုင်မှာ တကျော့ပြန် စစ်ရေးပြင်းထန်လာနိုင်ကြောင်း ရခိုင်စစ်ရေးလေ့လာသူတွေက ခန့်မှန်းခဲ့ကြပါတယ်။

AA ဘက်ကလည်း ပြောဆိုခဲ့တဲ့အတိုင်း ၂၀၂၂ နှစ်ကုန်ပိုင်းလောက်က ရခိုင်မှာ တိုက်ပွဲတွေကို စတင်လိုက်ပြီး ချင်းပြည်နယ်ပလက်၀မြို့ကစလို့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်တိုက်ဆင်နွှဲလာနိုင်ခဲ့ပါတယ်။

AA က တပ်မမှူး၊ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက်ို အသေဖမ်းဆီးမှုတွေလည်းရှိခဲ့ပြီး ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီရမိခဲ့တာပါ။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အကြီးအကျယ် စစ်ရေးရှုံးနိမ့်မှုတွေရှိခဲ့ပြီး ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ တပ်ရင်းတပ်မတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းနဲ့ လေယာဉ်ကွင်းနှစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုလုံးကိုပါ အခု လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေကို ဒီလအတွင်းမှာပဲ ဆက်တိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ဂွမြို့ကိုလည်း အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လျက်ရှိပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ စစ်တွေ၊ ကျောက်ဖြူ ဒေသတွေကိုသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းအထိ သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်နေသည့် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်တပ် အကြောင်းမဲ့ ပစ်သတ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရာဘာခြစ်နေတဲ့ အရပ်သားအမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix - Special Warfare Force ကနေ သတင်း ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

CDM ကျောင်းဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။