စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာ အနောက်ဘက်မှာ ကျွန်းလှမြို့နယ်၊ ကံပေါက် ပျူစောထီးရွာကနေ ထိုးစစ်ဆင်လာတဲ့ ခမရ-၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၆၀) ခန့်ကို ဒီဇင်ဘာလ (၁၆) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် ပကဖ/ ပလဖ/ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ/ ပလဖ/ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နဲ့ ဒေသခံ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးကာ (၂၀) ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ ဗုံးကြဲချ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက် (၁၀) လက်အဖြစ် ငါးကြင်းမြီး MA-15 (၁) လက်၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂) လက်၊ ကာဘိုင် (၅)လက်နဲ့ ကျည်မျိုးစုံ (၁၆၇၀) တောင့်၊ ဗုံးသီးမျိုးစုံ (၃) လုံး၊ နင်းမိုင်း (၆) လုံး၊ RPG (၃) လုံး၊ ငါးကြင်းမြီးခါးပတ် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၂၁) ခု၊ RT စက် (၁) လုံး၊ လက်ကောက် (၂) ကွင်း၊ လက်စွပ် (၁) ကွင်း၊ ဆွဲကြိုးအပြတ် (၁) ခု၊ နားကပ် (၁) ခု၊ ငွေသား (၃၂၀,၈၀၀) ကျပ်နဲ့ လူသုံးကုန် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၃) ရက်မှာလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ရွာမှာ အခြေပြုနေတဲ့ ခမရ-၃၆၁ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၇၀) ခန့်ကိို ကန့်ဘလူခရိုင် တပ်ရင်း-၁ နဲ့ ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က (၁) ယောက် (အလောင်းရ) သေဆုံးပြီး (၁၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ MA-1 (၁) လက်၊ MA ကျည် (၄၆၀) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၇) လုံး၊ ကျည်ဘောက် (၅) ခု၊ ဦးထုပ် (၂) လုံး၊ Icom (၁) လုံး သိမ်းဆည်းရခဲ့ပေမယ့် တော်လှန်ရေးတပ်ဘက်ကလည်း ရဲဘော် (၁) ယောက် ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲထက် နိုင်ငံကို တည်ငြိမ်အောင်ပြုလုပ်ဖို့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ထက် တိုင်းပြည်တည်ငြိမ်ရေးသာ ဦးစားပေးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။
Read More

သမိုင်းဝင်ခြံအမှတ် ၅၄ ကိုလျှော့စျေးဖြင့် လေလံတင်မတင် ရက်ပိုင်းအတွင်း တရားရုံးကဆုံးဖြတ်မည်

ရန်ကုန်မြို့က သမိုင်းဝင် ခြံအမှတ် (၅၄) ကိုလျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင်ရက်ပိုင်းအတွင်းတရားရုံးက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

မူးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။