ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ရှမ်းတောင်ဒေသ တ‌စ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအခမ်းအနားမှာ SSLRU ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မဟာမိတ်တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ SSLRU က ရဲဘော်တွေ စစ်ရေးပြခြင်း၊ SSLRU ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ KNDF ဗျူဟာ(၂) ဗျူဟာမှူးတို့ အဖွင့်အမှာစကားပြောကြားခြင်း၊ မဟာမိတ်တပ်ဖွဲ့အသီးသီးမှ ပေးပို့လာသော သဝဏ်လွှာတွေ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

SSLRU ဟာ (၁.၁.၁.၁) စစ်ဆင်ရေးအပါအဝင် ကရင်နီဒေသနဲ့ ရှမ်းတောင်ဒေသတို့မှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး အရင်က တပ်ပေါင်းစုသဏ္ဍာန်နဲ့ ဖွဲ့စည်းခဲ့ရာကနေ အခု ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်ကစလို့ တပ်ဖွဲ့ပုံစံနဲ့ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ဒေသမှာ တပြည်နယ်လုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မုံရွာလူထုသပိတ်ခေါင်းဆောင် ၁ ဦးဖြစ်သူ ကိုဝေမိုးနိုင် မုံရွာထောင်မှ အိုးဘိုထောင်သို့ ရွှေ့ပြောင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လူထုသပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။