AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။

အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေကို  AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို AA က ၃ ရက်ဆက်တိုက် ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။

“၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ လက်နက်ချ အလင်းဝင်လာသော ရန်သူများအား လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အာရက္ခတပ်တော် ကယ်ထုတ်နေသည့် မြင်ကွင်းများ “ ဟုဆိုကာ  ၆ မိနစ်ကျော် ကြာမြင့်တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

ရုပ်သံမှတ်တမ်းအတွင်း လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေကြောင်းရန်ကြောင့် ကြောက်လန့်နေကြပြီး AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ပုံစံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

AA တပ်ဖွဲ့ဝင်တွေက သူတို့ကို မကြောက်ဖို့နဲ့ အသက်ကို စောင့်ရှောက်ပေးမှာဖြစ်ပြီး မင်းတို့ဘေးကင်းသွားပြီဆိုတဲ့ စကားသံတွေကိုလည်း ရုပ်သံအတွင်း ပြောဆိုနေခဲ့ပါတယ်။

ရုပ်သံအတွင်း လက်နက်ချ အညံ့ခံသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး တချို့က ဒဏ်ရာရရှိထားလို့ လမ်းမလျှောက်နိုင်ဘဲ ထမ်းပိုးလာရသူတချို့လည်း မြင်ရပါတယ်။

လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အမျိုးသမီးတချို့ကိုလည်း တွေ့ရပြီး ကျန်းမာရေးမကောင်းသူတချို့ကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အထက်လူကြီး တချို့က အောက်ခြေစစ်သားတွေကို ဓားစာခံအနေနဲ့ ထားရှိခဲ့ကာ ကိုယ်လွန်ရုန်းထွက်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ပြောကြားနေမှုကိုလည်း ဖော်ပြထားပြီး အများစုက အစားအသောက်နဲ့ သောက်သုံးရေ ပြတ်လတ်နေတယ်လို့ ရင်ဖွင့်ပြောကြားမှုတချို့လည်း ရှိပါတယ်။

စစ်ကောင်စီဟာ နပခ ဌာနချုပ်မကျစေဖို့ ဌာနချုပ်ကိုပင် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် AA က ကနဦး သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

AA က အမ်းမြို့ နပခရဲ့ လက်ရှိမြေပြင်အခြေအနေကို ဒီဇင်ဘာလ ၁၆ရက် ညက  စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ထုတ်ပြန်မှုအတွင်း တွေ့ရတဲ့  လက်နက်ချအညံ့ခံသူ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ရာနဲ့ချီနေပြီ ဖြစ်ပါတယ်။

အမ်းမြို့မှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ နပခကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရာဂဏန်းဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံနေတယ်လို့လည်း AA က ကနဦးထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးတဲ့နောက် အမ်းမြို့နဲ့ ဂွမြို့က ရန်သူ့စခန်းတွေကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်း ပြောထားပါတယ်။

အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးဝန်းကျင်မှာလည်း စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အနေနဲ့ သိမ်းပိုက်ရရှိသွားမယ်ဆိုရင် စစ်ကောင်စီဟာ ရှမ်းမြောက် လားရှိုးက စစ်ဌာနချုပ်အပြီး ဒုတိယမြောက် လက်လွှတ်လိုက်ရတဲ့ စစ်ဌာနချုပ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Yaw Revolution Army – ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ နဲ့ ၁၇ တို့ ပူးပေါင်းထားတဲ့ Yaw Revolution Army - YRA ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်တချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း စစ်အုပ်စု ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ စစ်သားတွေရေချိုးတဲ့ ကန်ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် ​သေဆုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။