မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာကရစ်ရှနန် က ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ အဖြေတစ်ခုရရှိရေး သက်ဆိုင်သူတွေအားလုံးအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု မရှိမဖြစ် လိုအပ်သလို မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ သင့်မြတ်ရေးအတွက် အဓိက အရေးကြီးဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က လိုက်နာဖို့ ထပ်မံအတည်ပြုခဲ့သလို အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာ့အရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ အစည်းအဝေးကို အာဆီယံက ကမကထပြု ကျင်းပရေး ထောက်ခံတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း မြန်မာ့အခြေအနေမှာ ဆိုးရွာနေဆဲဖြစ်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေ ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရဆဲဖြစ်သလို အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တိုးတက်ရေးကို အလေးထားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

၂ ရက်တာပြုလုပ်ခဲ့တဲ့ အဲ့ဒီအစည်းအဝေးကို ထိုင်းနဲ့ လာအိုက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ပထမနေ့ အစည်းအဝေးမှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့အတူ မြန်မာ စစ်ကောင်စီ နိုင်ငံခြာရေးဝန်ကြီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မယ်စဲ့ အကျဉ်းထောင်မှ ထောင်ဖောက် ပြေးသည့် အကြမ်းဖက် စစ်တပ် အရာရှိတဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ရမိထား

ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေထဲက စစ်တပ်အရာရှိ တယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြ

“China’s Policy Burma’s Mystery!” ၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲကို မေလ ၁၇ ရက် မနေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရုရှားအလံလွှင့် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ရေတပ် ဝင်ရောက်စီးနင်း

အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။