ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၄နာရီလောက်ကလည်း ဆိုင်ကယ် ကယ်ရီမောင်းသူ ၄ယောက်ကို ပေါ်တာဆွဲခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခရီးသွား ၁၀ ယောက်ကိုလည်း ပေါ်တာဆွဲခဲ့သေးတယ်လို့ သိရပါတယ်။

“သူတို့ BGF တပ်ဖွဲ့ အရာရှိမှန်း မသိဘဲ အတင်းဆွဲခေါ်သွားတာ.. အမှတ် ၁ရပ်ကွက်မှာပေါ့။ မနေ့ညကလည်း DKBA ဖွင့်ထားတဲ့ အာဝါဒေးမှာလည်း အရပ်ဝတ်နဲ့ လူတစ်ယောက်ကို အဖွဲ့အစည်းကမှန်း မသိဘဲ မှားပြီးဆွဲသွားသေးတယ်” လို့ မြဝတီမြို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

မြဝတီမြို့နယ်ထဲက တည်းခိုခန်းတွေ၊ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်တွေက မကြာခဏ ဧည့်စာရင်း ဝင်စစ်လေ့ရှိသလို ခရီးသွားတွေကိုလည်း လမ်းပေါ်မှာ စစ်ဆေးကာ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ရှိတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အင်အားချိနဲ့နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်မှုထမ်း အပတ်စဉ် (၈) ကို ရောက်လာချိန် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ နိုင်ငံအနှံ့ ပိုမိုဆိုးဝါးလာနေပြီး ယောက်ျားသား မြင်တာနဲ့ ဘာမှမမေးမမြန်းဘဲ ပေါ်တာဆွဲချင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း လမ်းတလျှောက် ကျေးရွာများကို ခိုးယူလုယက်ကာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲ၏ တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။