တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ တရုတ်က ဖောက်လုပ်ဖို့စီစဥ်နေတဲ့ မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သေဆုံးသူ ၆၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၆ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်ကနေဒီဇင်ဘာလ ၁၀ ရက်အထိ ၂လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ မိုင်းရယ်၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်စမ်၊ ကွတ်ခိုင်နဲ့ကျောက်မဲ မြို့တွေအပါအဝင် မန္တလေးတိုင်း‌၊ မိုးကုတ်မြို့နယ်မှာ စာသင်ကျောင်းတွေ၊  ဆေးရုံဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စျေးဆိုင်ခန်းတွေနဲ့ အလုပ်ရုံတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ဗုံးကြဲဖျက်ဆီးခံရသည့် လာရှိုးမြို့က တရုတ်ဘုံကျောင်း (ဓာတ်ပုံ 果敢资讯网)

ဒီလိုမျိုး တိုက်ခိုက်ခံရတဲ့ မြို့နယ်တွေထဲ TNLA အပါအဝင်် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့ နယ်တွေပါဝင်ပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိတော့ဘူးလို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် Li Qiang တို့တွေ့ဆုံခဲ့ပြီးတဲ့နောက် မူဆယ်-ကျောက်ဖြူ အမြန်လမ်း မြောက်ပိုင်းတစ်လျှောက်က အထက်ပါ မြို့တွေမှာ မီးရထားလမ်းလုပ်ငန်းစဥ်တွေ အကောင်အထည်ဖော် လုပ်ကိုင်ဖို့ စီစဥ်နေခဲ့သလို  တည်ငြိမ်အေးချမ်းမှုမရှိအောင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

” တရုတ်စီမံကိန်းရှိရာမြို့တွေကို စကစဗုံးကြဲတယ်ဆိုတာ တရုတ်က လာညှိနှိုင်းစေချင်လို့ပါ။ ထောက်ပံ့စေချင်တယ်ပေါ့။ ဒီစီမံကိန်းတွေက မလုံခြုံဘူးဆိုပြီးပြချင်လို့ အခုလိုလုပ်တာလို့လည်းမြင်ပါတယ်။ အဲ့တော့ စကစအနေနဲ့ စီမံကိန်းတွေကို အာမခံချက်လည်း မပေးနိုင်ဘူး။ နယ်မြေတွေကလည်း သူတို့စိုးမိုးထားနိုင်တာ မဟုတ်ဘူး။ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့အချိန် စီမံကိန်းတွေမရှိစေချင်ဘူး။ အခုလို အရပ်သားတွေကိုရက်ရက်စက်စက် သတ်နေတဲ့ စစ်ကောင်စီကို ရတဲ့နည်းနဲ့ အရေးယူဖို့၊ ပူးပေါင်း​​ဆောင်ရွက်တာမျိုး မလုပ်ဖို့ တရုတ်အပါအဝင် နိုင်ငံတကာကို တောင်းဆိုချင်ပါတယ်။” လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ  ယိင်းလျန်းဟန်က မောင်းကိုပြောပါတယ်။

မူဆယ်ကနေ မန္တလေးကို ဆက်သွယ်မယ့် မီးရထားလမ်းပိုင်းဟာ ၄၀၉.၉၆ ကီလိုမီတာရှည်လျားမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၈.၉ ဘီလီယံကုန်ကျဖို့ ရှိကြောင်းနဲ့ ဒီလမ်းပိုင်းအတွင်း တံတား ၁၂၄စင်း၊ လှိုဏ်ခေါင်း ၆၀ခုနဲ့ ဓာတ်အားပေးစက်ရုံ ခွဲ ၁၁ခု ပါဝင်မယ်လို့လည်း သိရပါတယ်။ 

စက်ရုံခွဲတွေအတွက် တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချဆောက်လုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်၊ နမ္မတူ မြစ်၊ မြစ်ငယ်မြစ်နဲ့သံလွင်မြစ်ပေါ် တာတမံတွေက ထုတ်လုပ်တဲ့လျှပ်စစ်စွမ်း ဍအင်ကို အသုံးပြုမှာဖြစ်တယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၉ ရက်က စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရသည့် နောင်ချိုမြို့ မြင်ကွင်း
0 Shares:
You May Also Like
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ (၃) နှစ်ပြည့်အခမ်းအနား

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေဟာ ရှေ့တန်းစခန်း တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မအူပင်မြို့၊ ၁ရပ်ကွက် မြို့အဝင်တံတားပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး မြေတိုင်းစာရေးတစ်ဦးသေဆုံး

မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကို ကူညီမယ့် ကျားပေါက်ရဲ့ပန်းချီကား USD 10,000 နဲ့ လေလံအောင်မြင်

ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD 10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။