ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး အမည်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေမှာ မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်စခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်) ၊ မြလေးပွင့်စေတီကုန်းနဲ့ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မင်းတပ် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်မှာတော့ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၂၃ ယောက်က မိသားစုဝင်တွေနဲ့အတူ လက်နက်ချအညံ့ခံခဲ့တယ်လို့ ချင်းညီနောင်က ဆိုပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း ချင်းတော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူတပ်စွဲထားတဲ့ ဖလမ်း ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အညံ့ခံခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်နဲ့ ဖလမ်းမြို့က ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသလို မဟာမိတ်တွေနဲ့အတူ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးအတွက် အကြမ်းဖက်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်တွေရဲ့ ရှေ့တန်းရောက်ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။