မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပခုက္ကူနဲ့ မြိုင်မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အထိနာနေတဲ့ စစ်အုပ်စုဘက်က နယ်မြေစိုးမိုးမှုပြန်ရအောင် စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ သိရပါတယ်။

ပခုက္ကူ-​​ပေါက် ကားလမ်းမ​ကြီးပေါ်မှာရှိတဲ့ ရေလာလေးပျူစခန်းကို တော်လှန်ရေး တပ်ပေါင်းစုတွေသိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၁၂ရက်နေ့ကစလို့ ပခုက္ကူနဲ့မြိုင်အစပ်က ကျေးရွာတွေဆီ စစ်ကြောင်းဝင်မီးရှို့နေတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ရက်နေ့က ရေမျက်ရွာကို အကြမ်းဖက်စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့စဥ် (ဓာတ်ပုံ ဒေသခံ)

စစ်အုပ်စုတွေရဲ့မီးရှို့မှုကြောင့် ဝါးကျွန်းတွင်း၊ ရေလာကြီး၊ ပြည့်အိုင်နဲ့ ရွာသာအေးကျေးရွာတွေက အိမ်ခြေ ၁၀၀နီးပါး မီးလောင်ပျက်စီးခဲ့သလို အရပ်သား ထောင်နဲ့ချီလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်ခဲ့တဲ့ကျေးရွာတွေထဲကအရပ်သား၂ယောက်ကိုလည်း အကြမ်းဖက်စစ်သားတွေ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၈ရက် နေ့လည်ပိုင်းကလည်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာအခြေစိုက် ပျူစောထီးတွေက အနီးအနား ကမ္မမြို့၊ ရေမျက်ကျေးရွာကို တိုက်ပွဲမရှိဘဲ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၆လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၇ရက်နဲ့ ၁၈ရက်နေ့တွေမှာ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁နဲ့ လက်အောက်ခံတပ်ရင်းတွေထဲက တော်လှန်ရေးတပ်တွေက အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ရက်နေ့က ရေမျက်ရွာကို အကြမ်းဖက်စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့စဥ် (ဓာတ်ပုံ ဒေသခံ)

ဒါ့အပြင် မြိုင်မြို့နယ်၊ ကန်နီရွာက ​ထွက်လာတဲ့ ပျူစောထီးတွေနဲ့ ရွာကိုပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး ပျူစောထီးတွေ ထိခိုက်မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ရွာတွေထဲ စစ်ကြောင်းဝင်တာကတော့ စစ်အုပ်စုအတွက် ပုံမှန်လုပ်ဆောင်မှုတစ်ခုပါပဲ။ အခုဆို ကျနော်တို့ အရင်လို စစ်ကြောင်းလာရင် ရှောင်မနေကြတော့ အပြန်အလှန်ပွဲတွေဖြစ်တယ်ပေါ့။ အရင်က ရှောင်တာကတော့ လက်နက်တွေညံ့လို့ပါ။ အခုကတော့ အထိုက်အလျှောက်  လက်နက်တွေက ယှဉ်ပစ်လာနိုင်ပြီး ပွဲအတွေ့အကြုံကလည်း ရင့်သန်လာတော့ သူတင် ကိုယ်တင် လုပ်လာနိုင်ပြီပေါ့။ ပြည်သူတွေကတော့ အဲ့လိုဖြစ်လာရင် လွတ်ရာကို ရှောင်ကြရတာပါပဲ။ စခတွေကတော့ ပြည်သူရယ် တော်လှန်ရေးသမားရယ် မရွေးဘူးလေ။ တွေ့သမျှလူ သူ့ရန်သူပဲဆိုပြီး နေအိမ်တွေကအစ မီးရှို့တာပေါ့” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၈ရက်နေ့က ရေမျက်ရွာကို အကြမ်းဖက်စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့စဥ် (ဓာတ်ပုံ ဒေသခံ)
0 Shares:
You May Also Like
Read More

ကပစ (၂၁) နှင့် ကပစ (၂၅) ကို သွယ်တန်းထားသော မီးလိုင်းအား တော်လှန်ရေးတပ်များ ဖျက်ဆီးနိုင်ခဲ့ 

မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းဆီးရမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို တရားစီရင်နိုင်ရန် စတင်စစ်ဆေးနေပြီဟု NUG အသိပေး

အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ တပ်သားတွေကို လုပ်ထုံးလုပ်နည်တွေနဲ့အညီ စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံကာ တရားစီရင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စဥ့်ကူးမှာ ​ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးနှင့် ပြင်းထန်ဒဏ်ရာရသူ ၂၀ ဦးအပါ ၉၀ ဦး ဒဏ်ရာရ… မတ္တရာမှာ မြို့ပေါ်ကမပါဘဲ သေဆုံးသူ ၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိ…

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။