ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကျုံပျော်မြို့နယ်ကနေ ဟိုက်ဂျက်ကားနဲ့ ခေါ်ဆောင်သွားစဉ် ဓနုဖြူ မရောက်ခင် ကျုံပျော်နဲ့ ကျုံတနီးကြားမှာ ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ကျုံပျော်မြို့ပေါ်မှာ ပေါ်တာဆွဲခံထားရတဲ့ လူငယ် အယောက်၂၀ ကို အဖြူရောင်ကား ဟိုက်ဂျက်နဲ့ခေါ်သွားတာ သပြေကွင်းလမ်းဘက်ကနေ.. ‘ဒါတို့တိုင်းတို့ပြည်’ ဆိုတဲ့ သီချင်းတွေအော်ဆိုခိုင်းပြီးခေါ်သွားတာ” လို့ ကျုံပျော်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ကျုံတနီး ဒေသခံတစ်ယောက်ကလည်း “ကျုံပျော်မြို့နယ်နဲ့ ကျုံတနီကြားက ရေစခန်းကျေးရွာအနီးမှာ ကားပေါ်က ခုန်ချပြီး ထွက်ပြေးသွားကြလို့ဆိုပြီး လမ်းတလျှောက်နဲ့ အနီးနားက ကျေးရွာတွေမှာ စစ်တပ်က စစ်ဆေးရှာဖွေမှုတွေ လုပ်နေတယ်။ အခု ကလေးတွေ ထွက်ပြေးတဲ့နေရာက ကျုံတနီးတံတားနဲ့လည်း သိပ်မဝေးဘူး။ တံတားဟိုဘက်ဆိုရင်တော့ ဓနုဖြူအပိုင်ပေါ့။ ဘယ်နှယောက် ထွက်ပြေးလွတ်မြောက်သွားလဲဆိုတာ မသိရ​သေးဘူး။ စစ်သားတွေနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ စစ်တပ်အသိုင်းအဝိုင်းက လူတွေတော့ ပျာယာခတ်နေကြတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနဲ့ ထိစပ်တဲ့ နေရာတွေမှာပါ တဖြည်းဖြည်း မြင်လာရတာကြောင့် အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းမှာ ပျာယာခတ်နေကြသလို  စစ်သားအင်အားလည်း နည်းပါးနေတာကြောင့် ဧရာဝတီတိုင်းအတွင်း တချို့နေရာတွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ကာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပဲခူးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းများ မဲရုံမှူး သင်တန်းအတွက် နေပြည်တော် သွားရမည်ဟု ဆို

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းနိုင်ခဲ့တဲ့ တိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်ရှိ စစ်ရှောင်ရွာ (၄) ရွာက ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရှောင်ရွာ (၄)ရွာက ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။