စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာ အနောက်ဘက်မှာ ကျွန်းလှမြို့နယ်၊ ကံပေါက် ပျူစောထီးရွာကနေ ထိုးစစ်ဆင်လာတဲ့ ခမရ-၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၆၀) ခန့်ကို ဒီဇင်ဘာလ (၁၆) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် ပကဖ/ ပလဖ/ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ/ ပလဖ/ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နဲ့ ဒေသခံ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးကာ (၂၀) ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ ဗုံးကြဲချ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက် (၁၀) လက်အဖြစ် ငါးကြင်းမြီး MA-15 (၁) လက်၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂) လက်၊ ကာဘိုင် (၅)လက်နဲ့ ကျည်မျိုးစုံ (၁၆၇၀) တောင့်၊ ဗုံးသီးမျိုးစုံ (၃) လုံး၊ နင်းမိုင်း (၆) လုံး၊ RPG (၃) လုံး၊ ငါးကြင်းမြီးခါးပတ် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၂၁) ခု၊ RT စက် (၁) လုံး၊ လက်ကောက် (၂) ကွင်း၊ လက်စွပ် (၁) ကွင်း၊ ဆွဲကြိုးအပြတ် (၁) ခု၊ နားကပ် (၁) ခု၊ ငွေသား (၃၂၀,၈၀၀) ကျပ်နဲ့ လူသုံးကုန် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၃) ရက်မှာလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ရွာမှာ အခြေပြုနေတဲ့ ခမရ-၃၆၁ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၇၀) ခန့်ကိို ကန့်ဘလူခရိုင် တပ်ရင်း-၁ နဲ့ ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က (၁) ယောက် (အလောင်းရ) သေဆုံးပြီး (၁၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ MA-1 (၁) လက်၊ MA ကျည် (၄၆၀) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၇) လုံး၊ ကျည်ဘောက် (၅) ခု၊ ဦးထုပ် (၂) လုံး၊ Icom (၁) လုံး သိမ်းဆည်းရခဲ့ပေမယ့် တော်လှန်ရေးတပ်ဘက်ကလည်း ရဲဘော် (၁) ယောက် ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိကြောင်း KNU ထုတ်ပြန်

သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။