စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ချောင်းဦး မြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ် အစီး ၆၀ ကျော်နဲ့ သံပြားကာယာဉ် ၄ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့တွင်းတစ်နေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကြေးနီတင်ယာဉ် ၁ စီး ကားခေါင်းထိမှန် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မုံရွာကနေ စစ်ကိုင်းဘက် ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို မန္တလေး-မုံရွာလမ်းပိုင်း အလ္လကပရွာအနီးမှာ မိုင်းပွိုင့် ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့ရာ တွဲယာဉ် ၁ စီး ထပ်မံပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တွေကို လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BLDF တပ်ခွဲအညာမိုင်းနဲ့ ဒေါင်းဘုရင်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကာကနေ အရာတော်ဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား (ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁)

''ကျွန်တော်တို့ အားလုံး ရန်ကုန်ကို ပြန်ချင်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းပါ။ ကျွန် တော်တို့ ပြန်လာမှာကိုလည်း စောင့်ကြိုနေကြတဲ့ ရန်ကုန်သူ၊ ရန်ကုန်သား ပြည်သူလူထုတွေဟာ လည်း မျှော်လင့်ခြင်း ရန်ကုန်ပါပဲ။ ရန်ကုန်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် သည်းခြေဖြစ် တယ်''
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။