မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံက သိရပါတယ်။

 အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မလွန်တပ်နယ် ကပစ၂ (ကာကွယ်ရေးပစ္စည်းစက်ရုံ)နဲ့ ကုန်းကြီး ကပစ၁၀) မှ ထုတ်နှုတ်အင်အား ၆၀ ခန့်၊ ရှမ်းတပ်တိုက်နယ်ရဲကင်းစခန်းထုတ်နှုတ်အင် အား ၂၀ ခန့်ပါဝင်ပြီး မကွေးတိုင်း အထက်မင်းလှမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းမြို့သို့ ဆက်သွယ် ထားတဲ့ လမ်းပိုင်းတွေနဲ့ ပုသိမ်း-မုံရွာလမ်းပိုင်းတွေကို လာရောက်ပိတ်ဆို့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို မိုင်းများနဲ့ တားဆီးဟန့်တားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် ပကဖ၊ ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း)  ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မပေါက်ကွဲသေးသည့် ဗုံးသီးများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ T5 Wings အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းတွင် မိုင်းရှာထွက်လာသည့် အကြမ်းဖက်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite - Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။