စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးခန်းတွေကို ဒီဇင်ဘာ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ အရပ်သားနေအိမ်တွေကို မီးထွက်ရှို့ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက မီးငြှိမ်းသတ်ပေးကာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့( Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း၃၅၊ တပ်ခွဲ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ 5/Fighter Group(Monyaw)  SOlOအောင်ကြီး(Salingyi)၊ Royal Brother Forces၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SPDF Doneအဖွဲ့၊ တောဘုရင်ဗိုလ်ယက္ခ၊ ချင်းတွင်းကာကွယ်ရေး(CDF)၊ ဖီးနစ်၊ ခေါင်းသမာန်(G.Z)၊ အညာသားကြီး၊ မျိုးဆက်သစ်၊ မုံရွာ တပ်ရင်း ၂၃၊ အာဏာရှင်တော်လှန်ရေး၊ တော့သားကြီး၊ fighter. 9၊ အညာမြေဝေကြီး၊ BAD. TlGERS၊ ပြည်သူအားလုံးရဲ့ PK Done အဖွဲ့၊ မုံရွာ အကျင်ဦးစီးဌာန၊ ကမြင်းနီ PDF၊ ဒေါင်းဖိုက်တာ၊ ပျောက်ကြား၊ နောင်ကြီး၊ ရိုးမရာဇာ(ဆားလင်းကြီး စစ်ကြောင်း)၊ BNRA ခွဲ (3)၊ North PDFနဲ့ M.7.(PDF)(ဆားလင်းကြီး စစ်ကြောင်း) စတဲ့ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက်နေတဲ့ စစ်ကော်မရှင်ဒရုန်း ၁ စီးကို KIA ပစ်ချဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက်ပျံသန်းနေတဲ့ စစ်ကော်မရှင် ဒရုန်း ၁ စီးကို KIA က ပစ်ချဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယမန်နေ့ အောက်တိုဘာလ (၂၄)ရက်က အဆိုပါဒရုန်းကို KIA တပ်မဟာ (၁၁) ဒေသဖြစ်တဲ့ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက် ပျံသန်းနေစဉ် KIA ဆေးတပ်ကြပ်တပ်သားက လက်နက်ငယ်နဲ့ ပစ်ချဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ရဲဘော် ဘသော်၏ ဈာပန (ရုပ်/သံ)

အာဠာဝကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖြူး-အုတ်ဖြတ်လမ်းမကို ထိန်းချုပ်ထားစဉ် အကြမ်းဖက်စစ်ကောင်စီရဲ့  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေး ရဲ‌ဘော်ဘသော် ကျဆုံးခဲ့ရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း လင်းယောခင်ရွာမှာ ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။