ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဂွမြို့အခြေစိုက် ခမရ ၅၆၃ တပ်ရင်းကို AA က ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး အဲ့ဒီတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တချို့ ခမရ ၅၆၂ တပ်ရင်းဆီ ဆုတ်ခွာကာ ဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။

ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်ရရှိပြီးနောက် ဂွမြို့ပေါ်ကို AA ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းရင်းမြစ်တွေဆီက သိရပေမယ့် AA က တရားဝင် အတည်ပြု ထုတ်ပြန်တာမရှိသေးပါဘူး။

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့ တစ်လျှောက် သံတွဲနဲ့ တောင်ကုတ်မြို့တို့ကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ထားသလို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းကနေ ဂွမြို့ကိုလာရောက်နိုင်တဲ့ ကုန်းလမ်းက စစ်ကောင်စီတပ်စခန်းတွေကိုပါ AA ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ခမရ ၅၆၂ တပ်ရင်းဟာ သံတွဲက လာရင် တွေ့ရတဲ့ ဂွမြို့အဝင်က တပ်ရင်းဖြစ်ပြီး ခမရ ၅၆၃ တပ်ရင်းကတော့ ဧရာဝတီတိုင်းက လာရင် တွေ့ရတဲ့ ဂွမြို့အဝင်က တပ်ရင်းဖြစ်ပါတယ်။

လက်ရှိမှာ AA က ဂွမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ  AA နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း ဂွမြို့မကျစေရေးအတွက် ဧရာဝတီတိုင်းဘက်ကနေ စစ်ကူအများအပြားကို ပင်လယ်ပြင်ကနေ ရေကြောင်းနဲ့ ပို့ဆောင်ကာ အပြင်းအထန် ခုခံနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

နတ်တလင်းတွင် စစ်ကော်မရှင်ကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေသည့် ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း…

" ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်" လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုက စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့  လူထိခိုက်မှုအများအပြားရှိခဲ့ကြောင်း TNLA က ဒီနေ့မတ်လ ၁၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

KIA ဌာနချုပ် ဗိုလ်သင်တန်း‌ကျောင်းမှာ ကျဆုံးခဲ့တဲ့ AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။