ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

ကျောက်ဂူဒေသက အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်(အမတ ၃၄၉)အနီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။

(ဓာတ်ပုံ DPLA)

ဒီဇင်ဘာလ (၁၈)ရက် ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်စောက်မြို့နယ်၊ ထမင်းပေါင်းကျေးရွာက အရပ်သားတစ်ယောက် အသက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ကျောက်ဂူဒေသက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေပြီး ဒီဇင်ဘာ(၁၀)ရက်ကလည်း ကျောက်မီးခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

(ဓာတ်ပုံ DPLA)
0 Shares:
You May Also Like
Read More

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဗီရိုနီကာ ONE Championship နှင့် တရားဝင် စာချုပ်ချုပ်ဆို၊ သူမ၏ ပွဲဦးထွက် မကြာမီ မြင်တွေ့ရမည်ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့

မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ရှိ ကျေးရွာ ၂ ရွာကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။