ပဲခူးတိုင်း၊ မိုးညိုမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆နာရီဝန်းကျင်မှာ မိုးညိုမြို့၊ မြို့မရပ်ကွက်က လူငယ် (၃) ယောက်ကို စစ်ကောင်စီတပ်တွေအပါအဝင် ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီးရာ ၂ယောက် လွတ်မြောက်သွားပြီး ၁ ယောက်ကတော့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

“ဖြစ်တာက စစချင်း ၂ဦးကိုပဲ ဖမ်းတာ၊ အဲ့မှာ လက်တွေဘာတွေ ခတ်နေတုန်း ဇော်လင်းထွန်းဆိုတဲ့ ကောင်လေးက ထွက်ပြေးရော။ သူကလွတ်သွားတယ်။ အဲ့မှာ သူ့ညီ (ဇော်မင်းထွန်း) ကိုပါ ဖမ်းပြီး ကျန်နေတဲ့ တစ်ယောက် ဇင်ကိုဆိုတဲ့ ကောင်လေးနဲ့ သူတို့ ၂ယောက်ကို ဝိုင်းရိုက်ကြတာ။ ဇော်မင်းထွန်းက ဝက်ရူးပြန်ရောဂါရှိတော့ တက်ရော။ အဲ့တော့မှ သူ့ကို လွှတ်ပေးလိုက်ကြတယ်။ ဇင်ကိုဆိုတဲ့ ကောင်လေးကတော့ ပါသွားပြီ။” လို့ မြို့ခံတစ်ယောက်က မောင်းကို ပြောပြပါတယ်။ 

ဖမ်းဆီးသွားတဲ့ လူငယ်တွေကို ထွေအုပ်ရုံးကို ခေါ်သွားပြီး ဖမ်းဆီးခံထားရတာ အယောက် ၃၀ နီးပါးရှိနေပြီလို့ ဆိုပါတယ်။ 

ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ဇောတိကရပ်ကွက်က အသက် ၃၀ အရွယ်အမျိုးသား (၁) ယောက်ကို ညအချိန် စစ်ကောင်စီတပ်တွေက နေအိမ်မှာတင် လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ပြီး ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာပြီးနောက် အခုလို စစ်မှုထမ်းအတွက် ထပ်မံဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု ၆၃၇ မှုအထိ ကျူးလွန်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇) မှုအထိ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ မှတ်တမ်းတင် ထားရှိကြောင်း ထုတ်ပြန်လာပါတယ်။
Read More

ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကို ယုံကြည်နိုင်တယ်၊ သံသယဖြစ်စရာ မရှိဘူးဟု အာဏာသိမ်းစစ်တပ် ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ ပြော

အာဏာသိမ်းစစ်တပ်က စီစဥ်ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို သံသယမဖြစ်ဘဲ ယုံကြည်နိုင်တယ်လို့ ပျော်ဘွယ်မြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောခဲ့ပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။