ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၇ရက် ညပိုင်းမှာ ရခိုင်ပြည်နယ်၊ ဂွမြို့ကမ်းခြေတစ်လျှောက်ကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ကြားက အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ အဆိုပါဂိတ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သေနတ်သံတွေ အဆက်မပြတ်ကြားနေရတယ်၊ ဧရာဝတီတိုင်းထဲ စစ်ဖြစ်ပြီဆိုပြီး ကြောက်လန့်နေကြတာ၊ မနက်မိုးလင်းတော့ ရခိုင်ရိုးမ ကားလမ်းပေါ်မှာရှိတဲ့ စစ်တပ်ရဲ့အရေးပါလှတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်စခန်း ၂ ခုစလုံးကို ရက္ခိုင့်တပ်တော် AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်လိုက်ပြီဆိုတဲ့ သတင်းကြားရတယ်” လို့ ကျုံပျော်မြို့မှာ နေထိုင်တဲ့အမျိုးသမီးတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

“ဒီအတိုင်းဆိုရင် မျှော်လင့်ထားသမျှတွေ ဖြစ်လာပြီပေါ့၊ အဖိအနှိပ် အမျိုးမျိုးခံနေရတဲ့ ဧရာဝတီတိုင်းအတွက် မျှော်လင့်ချက်တွေ မကင်းမဲ့တော့ဘူးပေါ့၊ အမြန်ဝင်တိုက်ပါစေ ဆုတောင်းနေတာ၊ ဧရာဝတီတိုင်းမှာက စစ်တပ်နဲ့အပေါင်းအပါတွေပျော်ပါးမြူးတူးပြီး မသဒ္ဒါစာတွေစားပြီး ချမ်းသာနေကြတာလေ၊ ခုတော့ ရောင်နီသန်းလာပြီဆိုလို့မျှော်လင့်နေရပါတယ်၊ AA ရော၊ PDF လေးတွေရော ဧရာဝတီတိုင်းထဲ ရောက်ရင် သိရမှာပါ၊ ဧရာဝတီတိုင်းထဲက သူတွေ ဘယ်လောက် ခံနေရတယ်ဆိုတာနဲ့ ဘယ်လိုတွေကြိုဆိုမယ်ဆိုတာ အားလုံးအဆင်သင့် ပြင်ထားကြပါတယ်၊ တတ်နိုင်သလောက်ကို ပေးဆပ်ကြပို့လည်း အဆင်သင့်ရှိနေတယ်”လို့လည်း အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမလမ်းတလျှောက်မှာလည်း အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝတ်တာနဲ့ ကင်းလှည့်တာတွေကို အရပ်သားအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ မီးသတ်ပြည်သူ့စစ်တွေအပါအဝင် အကြမ်းဖက်စစ်သားအချို့နဲ့ လုံခြုံရေးတင်းကြပ်မှုတွေ ပြုလုပ်နေပြီး ကုန်းလမ်းပိုင်းတလျှောက်မှာပါ အကြမ်းဖက်စစ်တပ်က နင်းမိုင်း၊ တိုက်မိုင်းနဲ့ မြေမြုပ်မိုင်းတွေလိုက်လံထောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ယောကာကွယ်ရေးတပ်မှ စိုးမိုးနယ်မြေရှိ နေရပ်မပြန်နိုင်သေးသည့် ကာလရှည် စစ်ဘေးရှောင်ပြည်သူများကို ဆန်နှင့် အမိုးအကာ ကူညီပံ့ပိုး

ယောကာကွယ်ရေးတပ် - YDF အနေနဲ့ ယောနယ်က စိုးမိုးနယ်မြေအတွင်းရှိ နေရပ် မပြန်နိုင်သေးတဲ့ ကာလရှည် စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာဆန်နဲ့ အမိုးအကာတွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးရောက်နေ

ပဋိပက္ခဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတရပ်က ဒီဇင်ဘာလ ၃ ရက်မှာ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့ အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက တရားမဝင် ဘိန်းအရင်းအမြစ် ဖြစ်လာခဲ့တာပါ။
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်တပ်ထောက်ပို့ရဟတ်ယာဉ်တစ်စင်းပျက်စီးဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ တပ်ရင်း ၆၀၀၆ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ အကြမ်းဖက်စစ်တပ် ထောက်ပို့ ရဟတ်ယာဥ်(Mi 17P) တစ်စင်းကို ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရဟတ်ယာဥ်ပျက်စီးသွားကြောင်း BOB - Battalion Of Budalin တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။