လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ဆိုးရွားစွာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အပေါ် စစ်ကောင်စီဟာ ဆက်တိုက်မဖြေရှင်းနိုင်ခဲ့ဘဲ လက်ရှိမှာတော့ စစ်ဗိုလ်ချုပ်တွေပါဝင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။

ကော်မရှင်မှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဒုတိယဥက္ကဋ္ဌ(၁) နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၇ ဦး နဲ့ ဖွဲ့စည်းထားတာပါ။

ကော်မရှင်က လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်ပြီး လုပ်ဆောင်မယ့် မူဝါဒတွေကိုတော့ တိကျစွာ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာတာကို စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားပါတယ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မဂ္ဂါဝပ် သုံးထောင်ကျော် (၃၅၈၉ ဒသမ ၃) ထုတ်လုပ်နိုင်ခဲ့ပေမဲ့၊ ၂၀၂၂ နဲ့ ၂၃ မှာ မဂ္ဂါဝပ် သုံးထောင်လောက်ပဲ ထုတ်ခဲ့နိုင်ပြီး၊ အခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ မဂ္ဂါဝပ် နှစ်ထောင်ကျော် (၂၃၇၆ ဒသမ ၀) ပဲ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် တစ်ရက်ကို မဂ္ဂါဝပ် ၅၅၀၀ လောက်ရှိပေမဲ့ လက်ရှိမှာ တစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲ ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းသာ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လျှပ်စစ်မီးကိုပင်လုံလောက်စွ မဖြန့်ဖြူးပေးနိုင်တဲ့ အခြေအနေမှာ  လျှပ်စစ်ရထား၊ လျှပ်စစ်ကားများပြေးဆွဲဖို့ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပြန်ထွက်သွားပြီး၊ စွမ်းအင်စီမံကိန်းတွေ ရှိတဲ့ဒေသတွေမှာ ပြည်တွင်းစစ် ဖြစ်နေတာတွေကြောင့်  နေပြည်တော်ကလွဲပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးကို လုံလောက်စွာ ဖြန့်ဖြူးပေးဖို့ အခက်အခဲတွေဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီက အိမ်သုံးမီတာခတွေကိုလည်း အဆမတန်တိုးမြှင့်လိုက်သလို၊ စက်မှုဇုန်တွေမှာလည်း မီးပေးချိန်တွေ လျှော့ချလိုက်တာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေမှာလည်း အဆမတန်မြင့်တက်လျက်ရှိပါတယ်။

(ဓာတ်ပုံ AFP)
0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

NPT-PDF ရဲဘော် ၇၇ ယောက်ကို ပထမအကြိမ်အဖြစ် တပ်မှူးငယ် သင်တန်းပို့ချခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။