မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ဟာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ မွန်တပ်တော် ပေါ်ထွန်းလာရေးအတွက် သဘောတူညီခဲ့ကြတယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ် တော်လှန်ရေးနယ်မြေ တစ်နေရာမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ပြီးနောက် အခုလို သဘောတူညီချက်ကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပထမအဆင့်အနေနဲ့ အဆိုပါ တပ်ဖွဲ့ (၄) ဖွဲ့ဟာ ပူးတွဲစစ်ရေးတွေကို ပြုလုပ်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

(ဓာတ်ပုံ New Mon State Party-AD)

အခုလို တပ်ဖွဲ့ (၄) ဖွဲ့ရဲ့ ဗျူဟာမြောက် ပူးပေါင်းသဘောတူညီမှုရရှိဖို့ကို ကြိုးစားနေခဲ့တာဟာ (၂)နှစ်နီးပါးလောက်ရှိလာခဲ့ပြီ ဖြစ်ပြီး တပ် (၄) တပ်ရဲ့ ပေါ်ပေါ်က်လာတဲ့ အခြေအနေတွေ မတူကြတဲ့အပြင် သက်ဆိုင်ရာ တပ်တွေရဲ့ လှုပ်ရှားမှုနယ်မြေကလည်း မတူညီကြတာကြောင့် ခက်ခက်ခဲခဲနဲ့ သဘောတူညီချက်ရအောင် ကြိုးပမ်းခဲ့ရတယ်လို့  မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်မှူး Dr သီရိမွန်ချမ်းက မောင်းကို ပြောပါတယ်။ 

“စစ်ရေးနဲ့ နိုင်ငံရေးက ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ အခုမျက်မှောက်ကာလမှာရော လာမယ့်အနာဂတ်မှာပါ စစ်ရေးအပြင် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာပါ။” လို့ ဆိုပါတယ်။ 

မွန်ပြည်နယ်ကို ကိုယ်စားပြုတဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံးရဲ့ ကိုယ်စားပြု မွန်တပ်တော်ပေါ်ပေါက်လာရေးကို ရည်မှန်းထားတာကြောင့် ကျန်ရှိနေသေးတဲ့ မွန်လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့လည်း ဆွေးနွေး ပေါင်းစည်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့် PDF ၂ရက်ဆက်ထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက်က အရာရှိအပါ ၄ဦးသေပြီး အများအပြားဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အရာရှိ(၁)ဦးအပါ စစ်ကောင်စီတပ်သား (၄)ဦးသေဆုံး…

ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ (၁)ယောက် အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမှာ အရပ်သားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ရှိနေပြီး အဲဒီအဖွဲ့အကြောင်း မြို့နယ် ပကဖ စုံစမ်းနေ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက PDF တွေအပေါ် ပြည်သူတွေအထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စတွေလုပ်ဆောင်နေကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိကြောင်း ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။