ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။

 ဒီဇင်ဘာ ၁၆ ရက်က သိမ်းပိုက်နိုင်ခဲ့တဲ့ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ တပ်ရင်းမှူးအဆင့်အပါအဝင် ၅ ယောက် ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီသိမ်းပိုက်မှုဟာ စစ်ကောင်စီတပ်က  သိမ်းပိုက်ထားတဲ့ မာနယ်ပလောက KNU ဌာနချုပ်ဟောင်းကို KNLA ၊ KNDO ​ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေက နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်၊ ဆိုင်ခန်းတွေ ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က ညအချိန် လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

KIA ထိန်းချုပ်ထားသည့် မန်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး မြို့တွင်းကို မီးလောင်ဗုံးတွေ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီး (ရုပ်/သံ)

ရှမ်း - ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ၄ လကြာတဲ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိတယ် လို့ သိရပါတယ်။
Read More

ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ဖမ်းဆီးမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေကို စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံက အခုလိုပဲ ရှင်းလင်းတင်ပြခဲ့ပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။