စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျွန်းလှမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ မန်ကျည်းကုန်းရွာအနီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့တာပါ။ တစ်နေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ ၂ ကြိမ် လာရောက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၁ ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကာ ယာဉ် ၃ စီး နဲ့ ကျွန်းလှမြို့ကတဆင့် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေထံက သေနတ် ၈ လက်နဲ့ ခဲယမ်းမီးကျောက်တချို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဘေးအတွက် အလှူခံနေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့စျေးကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့စျေးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင် ၊ အမှတ် - ၄ တပ်ရင်း / K4 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။
Read More

ကမ်းဖြူကျေးရွာ ဒေသခံအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည့် အကြမ်းဖက်စစ်သားများအား တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ကသတင်းထုတ်ပြန် ထားပါတယ်။
Read More

မာနယ်ပလောက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။