စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

“ပျူရွာ စည်းရိုးထိ မိုင်းထောင်တာပါ။ ပြည်သူတွေက ရိတ်သိမ်းခါနီး စိုးရိမ်နေကြတာလေ။ ကျနော်တို့ တလရ တပ်ပေါင်းစုက ပြည်သူတွေအတွက် တတ်စွမ်းသလောက် မိုင်ကွင်းတွေ ကာရံပေးရတာပေါ့။ ဒါမှ စကစ၊ ပျူတွေ လုယူဖို့ ကြိုးစားလာရင် အချိန်မှီ ကာကွယ်ပေးတာ။ ရိတ်သိမ်းချိန်ဆိုရင်လည်း ရဲဘော်တွေ ကင်းပုန်းယူပြီး စောင့်ရှောက်ပေးဦးမှာပါ။ ပြည်သူတွေ အဆင်ပြေမှ တလရ အားကောင်းမယ် ပြည်သူပါမှ တလရ အဖွဲ့အစည်း ဆိုတာလည်း ရပ်တည်နိုင်မှာပါ။” လို့ ShweBo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။ 

အခုလို လုပ်ဆောင်မှုတွေကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဒပယ) ၊ ဒေါင်းစစ်သည်အဖွဲ့၊ တောင်သူလွတ်မြောက်ရေးအင်အားစု (FIF) တလရ ညီအစ်ကိုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.ကဖ အထူးတိုက်ခိုက်ရေးတပ်ရင်း – ( ၁ ) အပတ်စဥ် – ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း - ( ၁ ) အပတ်စဥ် - ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့သောင်းနှင့် ခမောက်ကြီးတွင် ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

တနင်္သာရီတိုင်း၊ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်မှာ ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

အမြောက်တပ်ကို ဘယ်လိုသွားရလဲလို့ PDF တွေကို လာမေးတဲ့ စစ်ဗိုလ်လင်မယား အဖမ်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သုံးခွကျေးရွာအနီးမှာရှိတဲ့ PDF ဂိတ်စခန်းတစ်ခုကို လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။