စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ ၁၉ရက် ဒီနေ့မနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးခန်းတွေက စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက ၄၀၊ ၆၀၊ ၈၀မမ လက်နက်ကြီး အလုံး ၄၀ လောက် ပစ်ခတ်ရင်း အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရင်း နာရီဝက်ကြာ အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ကိုမိုးသောက်က ပြောပါတယ်။

“မနက် ၉နာရီလောက်က စပစ်တာပါ။ နောက်ကနေပြီး လက်နက်ကြီးနဲ့ ကာပစ်ပေးတုန်း ရှေ့ကနေ ဝင်လုံးကြတာပေါ့။ အချိန်တိုအတွင်း ပြန်ဆုတ်ဖြစ်တာကတော့ သူတို့ဘက်က အရင်လိုလက်နက်ကြီးတွေနဲ့ မပြန်တော့ဘဲ ဒရုန်းတွေနဲ့ ပိုချလာတယ်။ ဒီတော့ ကိုယ့်ဘက်မမျှတာနဲ့ ပြန်ဆုတ်ခဲ့လိုက်တာပါ။ မြို့တစ်မြို့လုံးမှာ သူတို့က နေရာအနှံ့တပ်စွဲထားတာ၊ ဆေးခန်းမှာလည်း ရှိပါတယ်။ အထိအခိုက်တွေတော့ ရှိတယ်ဗျ။ အတည်တော့ပြုလို့မရသေးပါဘူး” လို့ Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Monywa inventor အဖွဲ့နဲ့အတူ TRIPLE Two ၊ ချင်းတွင်းဒိုင်းနမိုက်နဲ့ တခြားသော ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေက ဆားလင်းကြီးမြို့အတွင်း နေရာစုံမှာ အခြေချတပ်စွဲထားပေမယ့် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဝန်းရံထားတာကြောင့် အပြင်ထွက်မလာရဲဘဲ စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ရက်နေ့ မနက်အစောပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ၊ ထန်းတော ဇာတ်ဆိပ်အနီးမှာ တရုတ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေကာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့လို့ ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်ရဲ့ ဖိအားပေးမှုဖြင့် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံမယ်…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

TNLA က တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

လေးလတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄  စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ၄လတာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၄၄ ကြိမ်အတွင်း အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။