စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

မင်းအောင်လှိုင်က မင်္ဂလာဒုံမြို့နယ်ရီ စစ်ကောင်စီ ဆေးတက္ကသိုလ် မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

စစ်ဆရာဝန်တွေဟာ လိုအပ်လာရင် ခြေလျင်စစ်သည်များနဲ့အတူ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ရမယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဆိုးရွားစွာ စစ်ရေးအရရှုံးနိမ့်နေပြီး နေရာအနှံ့မှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီက ၎င်းရဲ့ လက်အောက်ခံ တပ်သားတွေကို ပုံစံအမျိုးမျိုးနဲ့ စည်းရုံးပြောဆိုမှု တွေ အခုရက်ပိုင်းအတွင်း မြင့်တက်လျက်ရှိပါတယ်။

စကစ ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ အကြမ်းဖက် မအလ တက်ရောက်စဉ် (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြင်ဦးလွင်မှာပြုလုပ်တဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ မင်းအောင်လှိုင်က ဗိုလ်လောင်းတွေကို လိုအပ်ပါက တိုင်းပြည်အတွက် အသက်စွန့်ပေးဖို့ လိုကြောင်း ဝါဒဖြန့်ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က တပ်ရင်းတပ်ဖွဲ့တွေဆီသွားရောက်ပြီး စည်းရုံးသိမ်းသွင်းပြောဆိုမှုတွေ ပြုလုပ်နေသလို လာမယ့် ရက်ပိုင်းအတွင်းမှာလည်း စစ်ကောင်စီရဲ့ အထိမ်းအမှတ်နှစ်ပတ်လည်ပွဲတစ်ချို့ကို သွားရောက်ပြီး ဝါဒဖြန့်ပြောကြားမှုတွေပြုလုပ်နိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက ခန့်မှန်းပြောဆိုလျက်ရှိပါတယ်။

မြေပြင်မှာ အကြီးအကျယ် စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ၎င်းရဲ့ အောက်ခြေတပ်သားအဆင့်တွေကို ကောင်းမွန်စွာစည်းရုံးနိုင်ခြင်းမရှိတော့ဘဲ တပ်တွင်းမှာ ယုံကြည်မှု မရှိသလောက် ကျဆင်းသွားပြီလို့ CDM စစ်တပ်အရာရှိတွေက ငါတို့အားမာန်ပြည်သူ့အသံ အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိစစ်ရေးအရရှုံးနိမ့်နေတဲ့ မင်းအောင်လှိုင်ဟာ ခေါင်းဆောင်မှုပိုင်းအရည်အသွေးလုံး၀မရှိဘူးလို့ ၎င်းကို ထောက်ခံနေတဲ့ စစ်တပ်လော်ဘီတွေကိုယ်တိုင် ပြစ်တင်ပြောဆိုမှုတွေလည်း အခုရက်ပိုင်းအတွင်းမြင့်တက်လာပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန် ပြန်လာချင်တဲ့ ရဲဘော်လူငယ်တွေရဲ့ လမ်းခရီးမှာ လက်နက်တပ်ဆင်ပေးဖို့ မျှော်လင့်ခြင်း ရန်ကုန်

ရန်ကုန်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ ရဲဘော်တွေကို လက်နက်​ပြည့် တပ်ဆင်ပေးနိုင်ဖို့ မျှော်လင့်ခြင်း ရန်ကုန်ဆိုတဲ့ ကမ်ပိန်းလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။