စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၆ရက်၊ မနက်အစောပိုင်းက ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ခရိုင်တော်လှန်ရေးတပ်တွေ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးမှာ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေအပြင် သေနတ် ၉လက်နဲ့ ခဲယမ်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ရက်နေ့တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ပျူစောထီးများ

ဒါ့အပြင် တော်လှန်ရေးရဲဘော် ၄ယောက်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့သလို ဒရုန်း၂စီးကိုလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီက အဲဲ့ဒီနေ့  တေ့လည်ပိုင်းမှာ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ရင်း လေကြောင်းပစ်ကူပေးခဲ့တယ်လို့လည်း ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ကုသပေးနေသလို သေဆုံးခဲ့သူတွေကိုလည်း ကန့်ဘလူသုဿာန်မှာ ဒီဇင်ဘာ ၁၈ရက်နေ့က မီးသဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စရဖတွေနဲ့ပေါင်းကာ ပြည်သူကိုနှိပ်စက်နေသူတွေ အရက်ဆိုင်မှာ ရှင်းလင်းခံရလို့ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။