မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF က ထုတ်ပြန်လိုက်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်သေပြီး ၇ ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၁၁ ရက်က အမှတ်(၈)စစ်‌ကြောင်း ဦးဆောင်မှုနဲ့  တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမှတ် (၈) စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)အပါအဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)တို့ တပ်သုံးတပ် ပေါင်းစုဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်‌တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ယောက်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံ နွေဦးစစ်သည်‌တော်များစစ်‌ကြောင်းထုတ်ပြန်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၂၂ ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်း ရုပ်သံကို နွေဦးစစ်သည်‌တော်များစစ်‌ကြောင်း (Spring Warriors Column)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

တန့်ဆည်မြို့နယ် မူးတိမ်ပျူရွာကို ‌တော်လှန်ရေးတပ်‌များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရိက္ခာသယ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၅ ယောက်သေ၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။
Read More

မန္တလေးမြို့လယ်ခေါင်မှာ အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ ပတ်လည်ဝိုင်းနေတဲ့ မန္တလေးမြို့လယ် ခေါင်စျေးမှာ ယနေ့ အောက်တိုဘာ ၁၀ ရက်က အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံက သိရပါတယ်။
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။