စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army – BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ကနေ ထွက်လာတဲ့ သံပြားကာကားတွေနဲ့ ကြေးနီတင်ကားတွေကို မုံရွာမြို့အဝင် မအူဂိတ်အနီးမှာ ပဒေသာမိုင်းတွေ၊ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သံပြားကာကား ၆ စီးထဲက ၃ စီးမြောက်ကားကို ပဒေသာမိုင်း ၅ လုံး ဆွဲခဲ့သလို ၈စီးမြောက် ကြေးနီတင်ကားကိုလည်း ရှေ့ထွက်ပြောင်း ၃ ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရင်း မောင်းပြန်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် ပွဲချင်းပြီး သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ စစ်သုံ့ပန်းအဖြစ် ၅ ယောက် ဖမ်းဆီးရမိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း (မစိုးရိမ်ရ) တဲ့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Brave Heart Army – BHA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကို BRAVE HEART ARMY-BHA အဖွဲ့နဲ့အတူ GOLDEN TIGER FORCE-GTF ၊ ROYAL GOD PEOPLE DEFENCE FORCE-R.G.PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့တိုက်ပွဲအတွင်း KPLA- B 626 တပ်ခွဲ (၁) မှ ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါ့သရောက်ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ်သား ၈ဦးသေပြီး ၁၈ဦး ဒဏ်ရာရကာ စစ်ကြောင်းလန် ပြန်ဆုတ်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ကြောင်းလန်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း CDM ဝန်ထမ်း ၁၂၀၀ ကျော်အတွက် သိန်း ၇၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ CRPH ထုတ်ပြန်

ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Read More

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။