ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။

 ဒီဇင်ဘာ ၁၆ ရက်က သိမ်းပိုက်နိုင်ခဲ့တဲ့ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ တပ်ရင်းမှူးအဆင့်အပါအဝင် ၅ ယောက် ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီသိမ်းပိုက်မှုဟာ စစ်ကောင်စီတပ်က  သိမ်းပိုက်ထားတဲ့ မာနယ်ပလောက KNU ဌာနချုပ်ဟောင်းကို KNLA ၊ KNDO ​ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေက နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အုတ်တွင်း မြို့စိုးတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့ တ‌ညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။
Read More

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ‌ မောင်းနှင်နေတဲ့ စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းရုံး သတင်းနှင့် ပြန်ကြားရေးက ယမန်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သိမ်ဇရပ်မြို့ ခမရ ၂၀၇ နှင့် ဟိန်းမြန်မာကျောက်မိုင်းအနီး စစ်ကောင်စီကာကင်းစခန်းကို ဗုံးသီးချပြီး ၆၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ နဲ့ ဟိန်းမြန်မာကျောက်မိုင်းအနီးက စစ်ကောင်စီကာကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း ထွက်ပြေးရင်း စစ်လက်နက်ပစ္စည်းတွေ ကျန်ခဲ့ (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း ထွက်ပြေးရာကနေ ကျန်ရစ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး လိုက်လံသိမ်းဆည်းနေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံဖိုင်ကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်လိုက်ပါတယ်။