မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနေ စစ်ရှောင်ပြည်သူတွေ လတ်တလော လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေ သုံးစွဲနိုင်ဖို့အတွက် သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ပြည်သူ့ထောက်ပံ့ငွေတွေထဲက ကျပ်သိန်း ၁၂၀ ကို သွားရောက် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဒီဇင်ဘာလ (၆) ရက်မှာ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာဟာ စစ်ကြောင်းထိုးဝင်ရောက်ခံရပြီး အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှူးနဲ့ ရဲဘော်များ
ရွာသစ်ဒေသခံများ
သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှူးနဲ့ ရွာသစ်ဒေသခံများ
သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှူးနဲ့ ရွာသစ်ဒေသခံများ
သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှူးနဲ့ ရွာသစ်ဒေသခံများ
သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှူးနဲ့ ရွာသစ်ဒေသခံများ
0 Shares:
You May Also Like
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့က နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီး “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မန္တလေးဈေးချိုအနီး ဆန္ဒလာပြသည့် ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးအပါ ၁၀ ဦးကို စစ်ကော်မရှင် အမှုဖွင့်

လုံခြုံရေးတင်းကြပ်တဲ့ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်အံတုကာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုး အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် KNDO တပ်ပေါင်းစုမှ စစ်ကြောင်းမှူးကျဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက တန်းရှင်းရွာမှာ စစ်ကော်မရှင်တပ်နဲ့ KNDO တပ်ပေါင်းစုတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကြောင်းမှူးတစ်ယောက် ထိမှန်ကျဆုံးသွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကန့်ဘလူမှာ လမ်းပိုင်း ကင်းယူဖို့လာတဲ့ စစ်အုပ်စုကို ပစ်ခတ်ရာ ၄ ယောက် သေ၊ သေနတ် ၅ လက်ရရှိ၊ စစ်တပ်က ဗုံးကြဲ မီးရှို့လို့ ပြည်သူ (၃) ယောက် သေဆုံး၊ နေအိမ် ၃၇ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းမှာ ကင်းယူဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။