ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

Reuters က ဒေသတွင်း သံတမန်ရေးရာ သိနားလည်သူ သတင်းအရင်းအမြစ် ၃ ခုကို ကိုးကား သတင်းဖော်ပြတာဖြစ်ပြီး အခြေအနေရဲ့ ထိရှလွယ်မှုကြောင့် အမည်မဖော်ဘဲ ပြောဆိုထားတယ်လို့ ဆိုထားပါတယ်။

ထိုင်းရဲ့ နှစ်ရက်တာဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတက်ရောက်ပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့အပါအဝင် ဆွေးနွေးပွဲပထမဆုံးတက်ရောက်တဲ့ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်တာဖြစ်ပါတယ်။

“မြန်မာက ရွေးကောက်ပွဲကို ရောင်းချင်နေတာ” “သူတို့က တရားဝင်မှု လိုချင်နေတယ်” လို့ သတင်းရင်းမြစ်တွေထဲက တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ တရုတ်က မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း ရွေးကောက်ပွဲမတိုင်ခင် နေပြည်တော်နဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့လိုကြောင်း လေသံပစ်ထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့စဉ်

ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်မဖော်နိုင်သေးတဲ့ အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် လာမယ့်နှစ်မှာ မလေးရှားက တာဝန်ယူမှာဖြစ်ပြီး မလေးရှားဝန်ကြီးချုပ်ကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း၊ လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ ဖခင် သက်ဆင်ကို သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြံပေးအဖြစ် ခန့်အပ်မယ်လို့ ကြေညာထားပါတယ်။

ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူကတော့ ကြာသပတေးနေ့ ဆွေးနွေးပွဲဟာ နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအကြောင်း ညှိနှိုင်းဆွေးနွေးဖို့ဖြစ်ပြီး သောကြာနေ့မှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ဆွေးနွေးမယ်လို့ အခုသီတင်းပတ်မှာ ပြောထားပါတယ်။

“ဒီနှစ်ရက်တာအစည်းအဝေးတွေဟာ ဝရုန်းသုန်းကားနိုင်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူး” လို့ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပညာရှင် Thitinan Pongsudhirak က ပြောပါတယ်။ တွေ့ဆုံမှုတွေအတွင်း တော်လှန်ရေးအဖွဲ့တွေကို ဖယ်ချန်ထားတာကိုလည်း သူက အလေးပေး ပြောဆိုပါတယ်။

“ဒါက လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတစ်ခုတောင် မဟုတ်ဘူး။ ပြီးတော့ ပိုပြီး ခွာပြဲလာမယ်၊ နိုင်ငံရေးဆွေးနွေးမှုကိုတောင် ပိုခက်သွားစေလိမ့်မယ်” လို့လည်း သူက ဆိုထားပါတယ်။

ကိုးကား – Bangkok Post

0 Shares:
You May Also Like
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ တောင်းဆိုမှုဟာ မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

မြန်မာက လိမ်လည်လုပ်ငန်းတွေကိစ္စ ထိုင်းကိုအပြစ်တင်လို့မရဘူးလို့ ထိုင်းအစိုးရပြော၊ BGF ကို လျှပ်စစ်ဓာတ်အား ဆက်ရောင်းနေသေးတဲ့အပေါ် ထိုင်းလွှတ်တော်မေးခွန်းထုတ်

မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။