ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်တိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်ပြီး စစ်ကောင်စီတပ်သားနဲ့ မိသားစု အများအပြား အလံဖြူထောင် အညံ့ခံခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၇ ရက် မနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

ဒီရုပ်သံထဲမှာ စစ်သားတွေအပြင် တပ်မိသားစုတွေလည်း ပါဝင်လာပြီး ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်တဲ့ စစ်သားအရေအတွက်ထက် ပိုမိုများပြားတဲ့ စစ်သားတွေ လက်နက်ချ အလံဖြူထောင်လာတာကို တွေ့ရပါတယ်။

အခုလို ရုပ်သံကို AA က ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဟာ ပြန်လည်ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချက်ချင်းလက်နက်ချဖို့နဲ့ AA တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ ကျောက်ဖြူနဲ့ စစ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းစကားပေးဖို့ ရည်ရွယ်တာလို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်ပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေအား ဖမ်းဆီးခဲ့သည့် ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည်‌ရေပိုင်နက်အတွင်း သြဂုတ် ၃၁ ရက်က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီပဲယင်းမြို့မှာ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကုန်းသာဦးနဲ့ အထကကျောင်းကို မတ်လ ၂၈ ရက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

NLD ပါတီကို စောင်းမြောင်းအပုတ်ချကာ မဲဆွယ်နေတဲ့ PPP ကိုယ်စားလှယ် (ရုပ်သံ)

၂၀၁၅ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ပြည်သူတွေရဲ့ မဲပေးရွေးချယ်မှုကြောင့် အနိုင်ရရှိခဲ့တဲ့ NLD ပါတီကို စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် PPP ကိုယ်စားလှယ် ဦးမြတ်သူဆိုသူက စောင်းမြောင်းအပုတ်ချကာ မဲဆွယ်လျက်ရှိပါတယ်။
Read More

ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 မှာ ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ(၃) ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ရဲဘော်တွေကို ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြားပေးနေတဲ့ မှတ်တမ်းရုပ်သံကို Urban Operation Columnမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှ Light Truck ယာဉ် ၂ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲကနေ Light Truck ယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန် ထားပါတယ်။