ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကီးကူးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာကို အင်အား ၁၀၀ ခန့်နဲ့ ဒီဇင်ဘာ ၁၂ ရက်က စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာပဲ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကာ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းမိပြီး အကြမ်းဖက်စစ်သားတွေ အထိနာကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ပိတောက်ကုန်းကျေးရွာအပါအဝင် အနီးနားက ကျေးရွာပြည်သူတွေ စစ်ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပြီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ် ဆိုင်းထားတဲ့ အနေအထားရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာနေထိုင်ကြဖို့ ကီးကူးစစ်ကြောင်းက သတိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

သိမ်းပိုက်ခဲ့ပြီးဖြစ်တဲ့ ဖလမ်းမြို့ ခလရ-၂၆၈ စခန်းကုန်းကို ဗျူဟာကျ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် CNDF ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၈ တပ်ကုန်းကို တော်လှန်ရေးရဲဘော်တွေ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Chin National Defense Force မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက ဆက်သွယ်ရေးမြောင်နဲ့ ဗုံးခိုကျင်း အများအပြား တူးကာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအနီး ချည်းကပ်နေကြတာကို တွေ့မြင်ရပါတယ်။
Read More

တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ၁၀ စီးဖြင့် ဗုံးကြဲ၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်း ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။