အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းအပြီး ဒုတိယမြောက်ရုပ်သံဖြစ်သလို ပထမရုပ်သံမှတ်တမ်းမှာ ပါဝင်တဲ့ အလံဖြူထောင်လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ထက် များပြားတာကိုလည်း တွေ့ရပါတယ်။

ဝေဟင်ကနေ ဒရုန်းနဲ့ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံရဲ့ တချို့နေရာတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံထားရလို့ မီးလောင်နေတဲ့ မြင်ကွင်းတချို့ကိုလည်း ရုပ်သံမှာ ဖော်ပြထားပါတယ်။

အလံဖြူထောင်လက်နက်ချနေတဲ့ လူတန်းရှည်ကြီးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ သူတို့ရဲ့မိသားစုဝင်တွေလို့ယူဆရတဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။

ပထမအကြိမ် ထုတ်ပြန်ခဲ့ချိန်ကပါဝင်ခဲ့တဲ့ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဆိုတဲ့ မြန်မာဘာသာ စာသားနဲ့ ” No Early Surrender in White Flag , No Happy New Year” ဆိုတဲ့ အင်္ဂလိပ်စာသားကိုလည်း ထပ်မံဖော်ပြထားပါတယ်။

အခုလို ရုပ်သံကို AA က ဒုတိယအကြိမ်ထုတ်ပြန်လာခြင်းဟာ ပြန်လည်ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချက်ချင်းလက်နက်ချဖို့နဲ့ AA တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ ကျောက်ဖြူနဲ့ စစ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းစကားပေးဖို့ ရည်ရွယ်တာလို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ်မှာ AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

AA က နပခကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံရှာဖွေစဉ် ပစ်ခတ်မှု ဖြစ်ပွါးပြီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းရဲ့ ရုပ်အလောင်းကို မတွေ့ရသေးတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့ကလည်း AA က မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များအပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ တိုးလာဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေအပြီးမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အကြမ်းဖက်မှုတွေ တိုးပြီး ကျူးလွန်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

KNDF အမှတ်(၅) တပ်ရင်း တာဝန်ယူထားသည့် ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊အမှတ် (၆) ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် (၅) တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာတယ်လို့ KMDF တပ်ရင်း (၅) က ဒီနေ့ ထုတ်ပြန်ပါတယ်။