ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

TAOT အပတ်စဉ် (၄) ဟာ သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းသား(၁၃၂) ယောက် တက်ရောက်ခဲ့ကာ သင်တန်းသားတွေဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) မှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သလို (၁၂) ယောက်က တိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

အပတ်စဥ် (၄) သင်တန်းဆင်းပွဲမှာတော့ သင်တန်းသား (၁၁၄) ဦး သင်တန်းဆင်းနိုင်ခဲ့ပြီး အပတ်စဉ် (၅) ကိုတော့ အလုပ်သင် ဗိုလ်သင်တန်းသား (၁၃၅) ယောက်နဲ့ သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဖွင့်ပွဲမှာတော့ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ပြီး စစ်မြေပြင်မှာ အသက်ပေးလှူဒါန်းသွားတဲ့ ဗိုလ်လောင်းသင်တန်းက ကျောင်းသားတွေအတွက် ဂုဏ်ယူလေးစားသလို လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမယ့် အရာရှိလောင်းတွေအနေနဲ့လည်း ကျရာတာဝန်တွေကို အကောင်းဆုံး ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြည်သူတွေရဲ့ မေတ္တာစေတနာနဲ့ ကူညီထောက်ပံ့ခဲ့တဲ့အတွက်ကြောင့် စစ်ပွဲတွေမှာ အောင်ပွဲအလီလီရရှိခဲ့ပြီး နယ်မြေတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်သလို မိမိတို့ ရည်မှန်းချက် ရာနှုန်းပြည့် အောင်မြင်နိုင်ဖို့ ပြည်သူတွေနဲ့အတူ ရဲဘော်တွေရဲ့ အင်အားနဲ့ ဆက်လက်ချီတက်ဖို့ လိုအပ်တယ်လို့ PSLF/TNLA ဥက္ကဋ္ဌက ပြောကြားခဲ့ပါသေးတယ်။

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း “အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိတအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောစေရန်  ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည်သည့်နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ဖို့ လိုတယ်” ဆိုပြီး တိုက်တွန်းခဲ့ပါသေးတယ်။

“ရန်သူကို တအာင်းမြေကနေ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ တာဝန်ယူရတော့မယ့်အချိန်ဖြစ်တာကြောင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူတွေ အန္တရာယ်အတွင်း မကျရောက်စေအောင် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိတယ်”လို့ ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားသွားခဲ့ပါသေးတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာတော့ အလုပ်သင်ဗိုလ်သင်တန်းက ကျောင်းသားတွေကို ဘက်စုံထူးချွန်ဆု၊ စာပေထူးချွန်ဆုနဲ့ စစ်ရေးဆိုင်ရာ ထူးချွန်ဆု စတဲ့ဆုတွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပြီး PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်း​ကျော်၊ စစ်ရေးချုပ် တားနောရိူန်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ အရာရှိ၊ အရာခံတွေ၊ သင်တန်းသားတွေနဲ့ ရပ်မိရပ်ဖတွေ စုစုပေါင်း လူဦးရေ(၇၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

သာယာဝတီက အနှိပ်ခန်းမှာ ရဲအချင်းချင်း စကားများ ပစ်ခတ်လို့ ရဲအုပ်သေ

ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့…
Read More

ပုသိမ်ကြီးတွင် စစ်ကောင်စီ လေကြောင်းရော လက်နက်ကြီးပါ ဆက်တိုက်ပစ်ခတ်နေ၊ စစ်ရှောင် ဒဟတ္တော အရပ်သားများကိုလည်း ရွာအတွင်းအဝင်မခံဘဲ နှင်ထုတ်နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရှောင်အရပ်သားတွေကို ရွာထဲပေးမဝင်ဘဲ မောင်းထုတ်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ထားဝယ်တွင် လုံခြုံရေးအပြည့်ဖြင့် မြို့တော်ခန်းမ ဖွင့်လှစ်၊ သူရောက်နေစဥ် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်မြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ မြို့တော်ခန်းမ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း၂ခုက ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။