ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ရက်၊ မနက်အစောပိုင်း​က သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ရဲ့ နောက်တန်းစခန်းကနေ အချုပ်ဖောက် ထွက်ပြေးတဲ့ ပျူစောထီး အရှည်ကြီးနဲ့ ဝေလင်းဆိုသူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေပြီး အသေပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“မနက်၄နာရီလောက်မှာ ကင်းတာဝန်ကျ ရဲဘော်တွေ အိပ်ပျော်နေချိန် အချုပ်တံခါးကို ဖျက်ဆီးပြီး ထွက်ပြေးကြတာပါ။  အဲ့ဒါ သူတို့က နယ်မြေကျွမ်းတော့ ပိုက်စိပ်တိုက်ရှာမှ မနက် ၅နာရီလောက် ပြန်တွေ့တာပါ။ ပြန်တွေ့တော့လည်း အသာတကြည် အဖမ်းမခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်။ အလောင်းတွေကိုတော့ ကောင်းကောင်းမွန်မွန် မြုပ်ပေးခဲ့လိုက်ပါတယ်။” လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အရှည်ကြီးနဲ့ ဝေလင်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့စဉ်

သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူရဲ့ပြောပြချက်အရ  အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ (၁၀)ရပ်ကွက်မှာနေထိုင်တဲ့ အရှည်ကြီးနဲ့ ဝေလင်းတို့ကို ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းနဲ့ ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနိုင်ဖို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းကို ဆိုင်ကယ်နဲ့ လာရောက်စုံစမ်းချိန်မှာ ဖမ်းဆီးထားနိုင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဝေလင်းနဲ့ အရှည်ကြီးတို့ဟာ နာမည်ကြီး ပျူစောထီးခေါင်းဆောင် ဝဏ္ဏရဲ့ လက်ရုံးတပည့်တွေဖြစ်ကြပြီး စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးရိုက်နှက်တာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကို စစ်ကောင်စီဆီ ပို့ဆောင်သတင်းပေးနေသူတွေ ဖြစ်တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

မြောက်ဥက္ကလာပ စစ်ကောင်စီ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ အရပ်သား ၂ ဦး‌ သေဆုံး

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က သင်္ကြန်အကြိုနေ့ ညပိုင်း လေကြောင်း‌ ဗုံးကြဲတိုက်ခိုက်ခဲ့ဝာာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။