ကရင်နီပြည်နယ်၊ ရှေ့တန်းနယ်မြေတစ်နေရာမှာ စစ်မှုထမ်းဥပဒေနဲ့ တပ်သားစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ဟာ လက်နက် ၃ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်နဲ့ အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ တပ်သား (၄) ယောက်ဟာ ဒီဇင်ဘာ ၁၁ ရက်မှာ MA-1 သေနတ် (၃) လက်နဲ့အတူ KNDF ဆီ ထွက်ပြေးကာ ဘက်ပြောင်းခိုလှုံလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး၊ လူတစ်စုကောင်းစားရေးအတွက် ပေးဆပ်လုပ်ကိုင်ပြီး ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ဘဲ လွတ်လပ်မျှတတဲ့ စနစ်တစ်ခု အမြန်ပေါ်ထွန်းနိုင်အောင် ပြည်သူကို မျက်နှာမူကာ ယုံကြည်စွာ ဘက်ပြောင်းခိုလှုံလာကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းနယ်က စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်ပြီး ခဲယမ်းများ သိမ်းဆည်း

ကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့ရာ ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဗမာ့တပ်တော် − Bamar Army က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

မြင်းခြံမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦးသေကာ ၂ ဦး သေဆုံးနိုင်ခြေရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။ 
Read More

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် လစ်လပ်နေရာကို ဂျပန်အစိုးရ စေလွှတ်မှာမဟုတ်

ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။