စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ရက် ညပိုင်းက ချောင်းဦးမြို့နယ် လမ်းပိုင်တစ်နေရာမှာ မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရာတင် သေဆုံးမှုတွေရှိခဲ့ပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲ တပ်စွဲထားတဲ့ ကျန်စစ်ကောင်စီတပ်သားတွေက ကားနဲ့ လာရောက်တင်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ချောင်းဦး လမ်းပိုင်းပေါ် ကင်းပုန်း နေရာ ၃ခု ခွဲပြီးယူကာ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခက်တာတွေလည်း လုပ်ဆောင်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့ကလည်း စစ်ကိုင်းမြို့ကနေ မုံရွာဝမ်ပေါင်ကို သွားတဲ့ အက်ဆစ်တွဲကားနဲ့ သံပြားကာကားတန်းကို BLDF အညာမိုင်းနဲ့ မဟာမိတ်တွေက မြင်းမူမြို့နယ်အပိုင် မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာကုန်းစခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသထဲမှာ တည်ရှိတဲ့ ထီးထစစ်ကောင်စီစခန်းကို ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်မ ၉၉ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA နှင့် ပူးပေါင်းတပ်များ ဖမ်းဆီးရမိ၊ ဂုတ်စီးရိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြုလုပ်သည့် (၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဒေသ တနေရာမှာ ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။