စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ညောင်ပင်ကြီး ထန်းတောဇာတ်ဆိပ်အနီး ၄၅ မိနစ်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဝမ်ပေါင်ကုမ္ပဏီနဲ့ မုံရွာမြို့ထဲကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး စစ်ကား ၃ စီးနဲ့ အင်အားဖြည့်တင်းခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Monywa Inventor၊ Triple Two Task Force၊ ဗျူဟာ ၄၄၊ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က ရုပ်သံနဲ့တကွ မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

လောင်းလုံးမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက် မနေ့ နေ့လည်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်လာတဲ့ ဗန်းမော်မြို့မှာ ပြည်သူများ မြို့လုံးကျွတ်စစ်ဘေး‌ရှောင် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာတဲ့အတွက် ပြည်သူများ မြို့ လုံးကျွတ်စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပုံရိပ်များ တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲ ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ရဲဘော် မိုက်ကယ် ဦးစီးတဲ့ စစ်တောင်းစစ်ကြောင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂စစ်ကြောင်းတပ်ခွဲ မှ ထုတ်ပြန်လိုက်ပါတယ်။