စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ ဝမ်ပေါင်ကုမ္ပဏီဆီ အကြမ်းဖက်စစ်သား အစောင့်တွေနဲ့ ပစ္စည်းတွေ သယ်နေတဲ့ တွဲကားတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ပြင်းအားမြင့်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်၊ တစ်ဘက်ဖွင့် ရှေ့ထွက်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်နဲ့ မိုင်းပွိုင့် ၃ နေရာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။

မိုင်းထိမှန်ပြီး တွဲကား လမ်းဘေး ထိုးဆင်းသွားပြီး အကြမ်းဖက်စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က မအူဂိတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ကူပေးခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Area71 PDF Monywa နဲ့ LOCAL PEAPLE`S DEFENCE AR LAR WA KA (YIN MAR BIN) KA (YIN MAR BIN )၊ မဲမှောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (YINMARBIN PDF)၊ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညီနောင် အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားသို့ ငါးလွှတ်ဖို့လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု Speed Boat ၁ စီး ပျက်စီးပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားဆီ ငါးလွှတ်ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force ထံက သိရပါတယ်။
Read More

အိုမကျေးရွာက နေအိမ် ၁၈ လုံးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု အိုမကျေးရွာက နေအိမ် ၁၈ လုံးကို ဝမ်ပေါင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိုမကျေးရွာဒေသခံတွေထံက သိရပါတယ်။
Read More

ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ် တိုက်ပွဲဖြစ်ပွား၊စစ်သား ၇ သေပြီး ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံမှာ မတ်လ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းထံက သိရပါတယ်။
Read More

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)
Read More

အင်ဒိုနီးရှားတွင် ကစားကွင်းမတော်တဆမှုကြောင့် ကလေးငယ် ၅ ဦးနှင့် လူကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ၊ ကေတာပန်မြို့ရှိ ကစားကွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီး ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Liputan6SCTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။