ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုခဲ့တဲ့ အဆောက်အဦးတစ်ခုမှာ WFP အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိရမှုဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် အလွဲသုံးစားပြုလုပ်တာဖြစ်လို့ လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခြင်းတွေ ဖြစ်ပွါးခဲ့ပါတယ်။ ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှ လက်ခံနိုင်ဖွယ်မရှိသလို အဲ့ဒီလုပ်ရပ်တွေဟာ ကယ်ဆယ်ရေးအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေသူတွေကို ထိခိုက်နစ်နာစေတယ်လို့ WFP က ဆိုပါတယ်။

စစ်တပ်က WFP ဂိုဒေါင်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ AA ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံ
စစ်တပ်က WFP ဂိုဒေါင်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ AA ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံ

လက်ရှိမှာ အဲ့ဒီအရပ်ဒေသကို သွားရောက်ဖို့ ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ WFP က ဆိုထားပြီး ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအဖွဲ့အားလုံးအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာကြဖို့ WFP က တောင်းဆိုထားပါတယ်။

ပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို လေးစားပြီး ကာကွယ်စောင့်ရှောက်ရမယ်လို့လည်း WFP က ဆိုပါတယ်။

စားနပ်ရိက္ခာဖူလုံမှု အခြေအနေ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပြင် မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် နိုင်ငံအနှံ့အပြား ပြည်သူတွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှု ရင်ဆိုင်နေရသလို အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့လည်း WFP က ဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တစ်ရက်တည်းမှာပဲ စစ်အုပ်စု ၃ကြိမ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၃ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီး

မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုဟာ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ဆီက သိရပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် လစ်လပ်နေရာကို ဂျပန်အစိုးရ စေလွှတ်မှာမဟုတ်

ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 
Read More

သံမဏိစက်ရုံအတွင်း နှစ်သစ်ကူး သောက်စားနေတဲ့ စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၃) သံမဏိစက်ရုံအတွင်း မနေ့က နှစ်သစ်ကူးည မူးယစ်သောက်စားနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) မြို့ပြပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူမှာ လမ်းပိုင်း ကင်းယူဖို့လာတဲ့ စစ်အုပ်စုကို ပစ်ခတ်ရာ ၄ ယောက် သေ၊ သေနတ် ၅ လက်ရရှိ၊ စစ်တပ်က ဗုံးကြဲ မီးရှို့လို့ ပြည်သူ (၃) ယောက် သေဆုံး၊ နေအိမ် ၃၇ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းမှာ ကင်းယူဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။