ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရက်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းခိုင်းထားပြီး မစုဆောင်းနိုင်ရင် တပ်သားသစ် တစ်ယောက်စာအတွက် ၈၅ သိန်း သွင်းခိုင်းကာ ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွက် စစ်မှုထမ်းတပ်သားသစ် စုဆောင်းရာမှာ သတ်မှတ်လူဦးရေ မပြည့်မီတာကြောင့် အခုလို ဖိအားပေးစေခိုင်းမှုတွေ လုပ်နေတာလို့ သိရပါတယ်။

“အခုက လူသစ်မရရင် ရပ်ကွက်ကျေးရွာတွေအတွင်း နေထိုင်သူတွေဆီကနေ ငွေကြေးကောက်ခံတာ။ လူသစ်အစားထိုးဖို့ဆိုပြီး ကောက်ခံခိုင်းတာ။ တစ်အိမ်ထောင်ကို လူတစ်ယောက်နှုန်းပေးရမယ်။ မပေးနိုင်တဲ့ အိမ်က သတ်မှတ်ထားတဲ့ ပိုက်ဆံထည့်ပေးရမှာပါ” လို့ ကြံခင်းမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ရှုံးနိမ့်နေတဲ့ ရှေ့တန်း စစ်မျက်နှာပြင်တွေဆီ စစ်သားသစ်တွေကို ပို့ဆောင်ရာမှာ အသေအပျောက်တွေ၊ ထွက်ပြေးတာတွေသာ များနေတာ ဖြစ်ပါတယ်။ နဂိုရှိပြီးသား စစ်သားတွေကလည်း စစ်စခန်းတွေ ကျဆုံးမှုနဲ့အတူ နေ့စဉ် အရေအတွက် လျော့နည်းလာတာကြောင့် လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၈ မှာ လူသစ်စုဆောင်းမှုက ပိုမိုဆိုးရွားလာပါတယ်။

“အခုက ရပ်ရွာထဲမှာ လူငယ်တွေ သိပ်မရှိကြတော့ဘူး။ အလုပ်အကိုင်ရှားပါးလာပြီး ကုန်ဈေးနှုန်းတွေမြင့်တက်နေတော့ နယ်စပ်ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကုန်ပြီလေ။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အသက် ၅၀ ကျော်တွေဆိုတော့ စုဆောင်းလို့မလွယ်ဘူးလေ။ အခုတစ်ခါ အထက်က လူတစ်ဦးစာ ၈၅သိန်းကျပ် ပေးသွင်းရမယ်ဆိုတော့ ဘယ်လိုမှအဆင်ပြေဖို့ မလွယ်ဘူး” လို့လည်း အထက်ပါ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

0 Shares:
You May Also Like
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃) သင်တန်းဖွင့်ပွဲ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း ပကဖ နဲ့ ပအဖ ကြား သဘောထားကွဲလွဲနေတဲ့ ဦးစံ သေဒဏ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။
Read More

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၁၇၀၀ နီးပါး တိမ်းရှောင်နေရ

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန - ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါမှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး လက်နက်မဲ့အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြေပြင်ဆင်း ဆေးကုသနေသည့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော စစ်ကောင်စီ၏ မီးလောင်ဗုံး ထိမှန်သေဆုံး

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။