ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နေရာတစ်ခုမှာ အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတိုကို မနေ့က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။

ရုပ်သံထဲမှာ အရပ်ဝတ် ဝတ်ဆင်ထားသူတွေ၊ ယူနီဖောင်းဝတ်ဆင်ထားသူတွေ ရောထွေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  နေရာတစ်ခုကနေ အလံဖြူကိုင်ကာ တန်းစီးလျှောက်လှမ်းလာတာကို တွေ့ရပြီး လက်ရှိ အမ်းရဲ့ မြေပြင် ပကတိအခြေအနေကို သိရှိစေဖို့ ရည်ရွယ်ကာ AA က ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

AA ရဲ့ ရုပ်သံမှာ စောစော အလံဖြူထောင်ရင် စောစောအသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သုံ့ပန်းအဖြစ် လက်နက်ချနေတဲ့ မြင်ကွင်းတချို့ကိုလည်း ဖော်ပြလာပြီး အများစုက ဒဏ်ရာရရှိထားသူတွေပါဝင်သလို လမ်းမလျှောက်နိုင်လို့ အချင်းချင်း ပြန်လည်ထမ်းပိုးလာသူတွေလည်း ရုပ်သံထဲမှာ မြင်တွေ့ရပါတယ်။ 

အာရက္ခတပ်တော် AA ဘက်ကတော့ နေရာကို အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လို့သာ ရေးထားပြီး အသေးစိတ်ဖော်ပြရေးသားထားခြင်း မရှိပါဘူး။

လက်နက်ချအညံ့ခံလာစဉ် စီတန်းလမ်းလျှောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရုပ်သံအတွင်း ကောင်းကင်ပေါ်ကနေလေယာဉ်သံကို ကြောက်လန့်တကြား လှမ်းကြည့်နေတဲ့ မြင်ကွင်းတွေကိုလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ်မှာ AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

AA က နပခကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့  တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံရှာဖွေစဉ် ပစ်ခတ်မှု ဖြစ်ပွါးပြီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းရဲ့ ရုပ်အလောင်းကို မတွေ့ရသေးတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့ကလည်း AA က မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းမိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းကို စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး ခဲယမ်းအများအပြား သိမ်းဆည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့နယ် တော်လှန်ပညာရေးအဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာကတစ်ဆင့် ကူညီလှူဒါန်း

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာ ၊ အမှတ် ၁၂၂၂ တပ်ရင်းကတစ်ဆင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့တယ်လို့ TRI ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထန်းတပင်မှာ အများပြည်သူ အိပ်မောကျနေချိန် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။