မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက် ၊ နေ့လယ်ပိုင်းက မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၊ မုံရွာ နမခကနေ  Mi35 ရဟတ်ယာဥ်နဲ့ ရိက္ခာထုပ်တွေ လာရောက်ချ​ထားပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရိက္ခာထုပ်တွေ ထွက်ယူတဲ့ ကန်နီရွာပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ရိက္ခာလာချမယ်ဆိုတာ ၁နာရီလောက်ကြိုပြီး သိရပေမယ့် ပြင်ဆင်ချိန်တော့ နောက်ကျခဲ့ပါတယ်။ နောက်ပြီးအစက Y12နဲ့ လာချမယ်လို့ ကြားပေမယ့် Mi35ဆိုတော့ နည်းနည်းခက်သွားတာပေါ့။ အဲ့ဒါ Mi35က  ရွာပတ်ပတ်လည်ကို ၅ပတ်လောက်ပတ်ပြီးမှ အထုပ်အတိုင်းချတာပါ။ ကန်နီရွာ အနောက်ဘက်သင်္ချိုင်းဝန်းကျင်နားကို ကျ​တာ။ အဲ့မှာ ရိက္ခာလာကောက်တဲ့ ကောင်တွေကို ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။” လို့  ဗစ်တာပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီး ၂ ယောက်သေကာ ၄ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လေကြောင်းကနေ  ရိက္ခာလာချပေးတဲ့အခါ တော်လှန်ရေးတပ်တွေဆီကို မှားချပေးတဲ့ဖြစ်စဉ်မျိုးတွေလည်း ရှေ့မှာ ရှိခဲ့ပါတယ်။

“နေ့လယ် ၁၂နာရီလောက်ကစလို့ ပျူခေါင်းဆောင် ကျော်ဆန်းဝင်းက ရွာကလူအကုန်လုံးကို ကျောင်းထဲစုခိုင်းတယ်။ ၁နာရီ၄၀လောက်မှာ ရိက္ခာလာချတာနဲ့ ၁၅မိနစ်လောက်ကြာတော့  ထွက်ကောက်ခိုင်းတယ်ပေါ့။ ရွာကကျယ်သလို ရိက္ခာချတဲ့ကွင်းကလည်း ကျယ်တယ်။ အခြေအနေတွေလည်းရှိနေတော့ ကျနော်တို့အတွက် ရိက္ခာယူဖို့ မလွယ်ခဲ့ပါဘူး။” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ နဲ့အတူ ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီး တပ်ဖွဲ့နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၂တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုပြီးတဲ့နောက် စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ပျူစောထီးအားကောင်းတဲ့ မြိုင်မြို့နယ်မြောက်ပိုင်းက ကန်နီရွာနဲ့ တောင်ပိုင်းက သရက်ကွရွာတွေကို တော်လှန်ရေးတပ်တွေက နှစ်နဲ့ချီ ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပြီး စစ်အုပ်စုတွေ လက်နက်ချအလင်းဝင်ဖို့နဲ့ အရပ်သားတွေတိမ်းရှောင်လာဖို့ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၇ရက် ဒီနေ့မနက်ပိုင်းမှာလည်း မြိုင်မြို့ပေါ်ကို အင်အား၁၀၀နီးပါးရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ကန်နီရွာဆီ စစ်ကြောင်းဝင်မဝင်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဗစ်တာက ပြောပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးအဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားတွေဆီက ခြိမ်းခြောက်ငွေညှစ်နေသူကို ကန့်ဘလူခရိုင်- အမှတ် ၄ တပ်ရင်း ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေး အဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားပြည်သူတွေဆီက ခြိမ်းခြောက်ငွေညှစ်နေတဲ့ သန်းထိုက်ဦး (ခ) ငတီးဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်လက်ပါးစေ ရပ်ရွာအာဏာပိုင်များ စစ်မှုထမ်းအကြောင်းပြ အပူစာစား၊ စီးပွားဖြစ်နေကြ

"မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။" လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။